ဝါရှင်တန် – ဇွန်(၈) 

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှု တွေပြုလုပ်မယ်ဆိုပါက အမေရိကန်၊ တောင်ကိုရီးယားနဲ့ ကမ္ဘာ့နိုင်ငံတွေက ခိုင်မာပြတ်သားတဲ့ တုံ့ပြန်မှုတွေရှိလာမှာ ဖြစ်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ဇွန်လ(၇) ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ 

နျူကလီးယားစမ်းသပ်မှုတိုင်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝချိုးဖောက်ရာ ရောက်သလို အဲ့ဒီလို စမ်းသပ်မှုတွေအပေါ် လျင်မြန်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေရှိလာနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။ 

“ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့သာမက ကမ္ဘာတစ်ဝှမ်းလုံးက ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ ယုံကြည်ပါတယ်” လို့ တောင်ကိုရီးယားသမ္မတ ချိုဟွန်ဒေါင်နဲ့တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ 

ဇွန်လ(၈) ရက်နေ့မှာ တောင်ကိုရီးယား၊ဂျပန်တို့နဲ့ သုံးနိုင်ငံဆွေးနွေးမှုတွေဆက်လက် လုပ်ဆောင် သွားဖို့ရှိသေးတယ်လို့ သူကပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက မြောက်ကိုရီးယားပစ်လွှတ်လိုက်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေက ကိုရီးယားအရှေ့ဘက်ကမ်းရိုး တန်းက မြေပြင်ပစ်ဒုံးကျည်(၈) စင်း ပြန်လည်ပစ်လွှတ်ခဲ့ပါတယ်။ 

မြောက်ကိုရီးယားရဲ့ တစ်ခုတည်းသော နျူစမ်းသပ်တဲ့ နေရာဖြစ်တဲ့ Punggye-ri မှာ အသစ် ဆောက်လုပ်နေတဲ့အရိပ်အယောင်တွေရှိနေတဲ့အတွက် မကြာခင်ကာလမှာ ပြုံယမ်းအစိုးရဟာ ဗုံးစမ်းသပ်နိုင်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရအာဏာပိုင်တွေနဲ့ မြောက်ကိုရီးယား အရေးကျွမ်းကျင်သူတွေက ပြောဆိုခဲ့ကြပါတယ်။ 

နိုင်ငံတကာ အဏုမြူစမ်းအင် အေဂျင်စီအကြီးအကဲ Rafael Grossi က Yongbyon က သူတို့ရဲ့ ပင်ပနျူကလီးယားစက်ရုံမှာ မြောက်ကိုရီးယားက အဓိက အဆောက်အအုံတွေတိုးချဲ့တည် ဆောက်နေတဲ့ လုပ်ငန်းဟာ အရှိန်မြှင့်နေပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားမှာ ပထမဆုံးအကြိမ် ကိုဗစ် ဖြစ်ပွားမှုဒဏ်ကို ခံနေရပြီး တနင်္လာနေ့အထိ နိုင်ငံအတွင်း အဖျားရောဂါလက္ခဏာရှိသူစုစုပေါင်း (၄၁၉၈၈၉၀) ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ကျွမ်းကျင်သူတွေကတော့ ကိုဗစ်ကူးစက်ခံထားရသူစုစုပေါင်းအရေအတွက်ကို အတည်မပြုနိုင် သေးပဲ ကြေညာထားတဲ့ ကိန်းဂဏန်းတွေဟာ နည်းပါးနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ကိုဗစ်အခြေအနေပိုဆိုးလာတယ်ဆိုတဲ့ သတိပေးမှုတွေရှိနေပေမယ့် မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပေးမယ့် အကူအညီတွေကို ငြင်းဆို ထားပါတယ်။ 

“ကိုရီးယားနဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုတွေကို ကမ်းလှမ်းခဲ့ပေမယ့် (မြောက်ကိုရီးယားခေါင်းဆောင်) Kim Jong Un က ကျွန်တော်တို့အားလုံးမှာရှိတဲ့ COVID-19 စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ဖို့ သူ့ပြည်သူတွေကို ကူညီပေးဖို့ အာရုံစိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်သွားမည့်အစား ရန်စရန် နှင့် အန္တရာယ်များပြီး မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်များကို လုပ်ဆောင်ခြင်းနဲံလည်း အခုအခါမှာ ရင်ဆိုင်နေရတယ်” လို့  Sherman က ပြောကြားခဲ့သည်။

လက်တလောမှာ နျူစမ်းသပ်မယ့် အရိပ်အယောင်တွေမြင်တွေ့နေရတဲ့ မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်တည်းက နျူကလီးယားဗုံးစမ်းသပ်တာတွေမရှိဘူးလို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.