ဘန်ကောက် – ဇွန်(၇) 

အင်ဒိုနီးရှားမှာအီရန်သူလျှို ဖမ်းဆီးခံရပြီးနောက်လုံခြုံရေးစိုးရိမ်မှုတွေ ဖြစ်ပေါ်စေတဲ့အတွက် သူလျှိုတွေကို စောင့်ကြည့်ဖို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ (RTP) က နိုင်ငံတစ်ဝှမ်းက ရဲတပ်ဖွဲ့ ဝင်တွေကို လျှိုဝှက်အမိန့်ထုတ်ထားတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ 

လုံခြုံရေးအေဂျင်စီတွေက ထိုင်းနိုင်ငံမှာ သူလျှိုအဖြစ်လုပ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ထိုင်းမွတ်စလင်တချို့နဲ့ အီရန်နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတယလို့ သတင်းရင်းမြစ်က ဘန်ကောက်ပိုစ့်ကို ပြောခဲ့တာပါ။ 

ထိုင်းရဲတပ်ဖွဲ့အကြီးအကဲဟာ RTP ရဲ့ အထူးဌာနခွဲ ဗဟိုစုံစမ်းစစ်ဆေးရးဗျူရို မြို့တော်ရဲဌာန နဲ့ ခရိုင်တပ်ဖွဲ့နယ်မြေ(၉) ခုစလုံးကို သတိထားစောင့်ကြည့်ဖို့နဲ့ လျှို့ဝှက်အေးဂျင့်တွေရဲ့ လှုပ်ရှားမှု တွေကို ထောက်လှမ်းပြီး သတင်းအချက်အလက်စုဆောင်းဖို့ အမိန့်ထုတ်ထား တယ်လို့ သိရပါတယ်။ 

Ghassem Saberi Gilchalan အမည်ရှိ အမျိုးသားတစ်ဦးဟာ ဘူလ်ဂေးရီးယားနိုင်ငံကူးလက် မှတ်အတုကိုင်ဆောင်ပြီး နိုင်ငံထဲကို ပြီးခဲ့တဲ့ မေလ(၂၄) ရက်နေ့က ဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး မေလ(၂၇) ရက်နေ့မှာတော့ အဲ့ဒီအမျိုးသား ကာတာနိုင်ငံကို မထွက်ခွါမီ Soekarno-Hatta အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အင်ဒိုအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားဟာ နိုင်ငံအတွင်း ဝင်ရောက်ဖို့ နိုင်ငံကူးလက်မှတ်အတု ကိုအသုံး ပြုခဲ့ပြီး စာရွက်စာတမ်းအတုတွေသုံးပြီး နိုင်ငံထဲကို (၁၀) ကြိမ်ထက်မနည်းဝင်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က တွေ့ရှိရတဲ့အတွက် တရားရုံးက သူ့ကို ထောင်ဒဏ်(၂) နှစ်ချမှတ်လိုက်ပါ တယ်။ 

အဆိုပါအမျိုးသားမှာ မိုဘိုင်းလ်ဖုန်း(၁၁)လုံး ၊တက်ဘက်ကွန်ပျူတာ(၁) လုံး၊ ဆင်းမ်ကတ် အများအပြားနဲ့ ဘတ်(၃၂၀၀၀၀) ကျော်တန်ဖို့ရှိငွေသားတွေပါရှိတယ်လို့ အင်ဒိုရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။ 

မိုဘိုင်းလ်ဖုန်းတွေကို စစ်ဆေးချိန်မှာတော့ ထိုင်းမွတ်စလင်တချို့ရဲ့ အမည်တွေကို တွေ့ရှိခဲ့ရပြီး Gilchalan ဟာ အီရန်သူလျှိုတစ်ဦးဖြစ်တယ်လို့ အင်ဒိုအာဏာပိုင်တွေကယုံကြည်ထားကြတယ် လို့ သိရပါတယ်။ 

ထပ်မံစစ်ဆေးချက်တွေအရ Gilchalan ဟာ သူ့ကို မလေးရှားအခြေစိုက် အီရန်သံတမန် ဟောင်း တစ်ဦးရဲ့ တာဝန်ပေးချက်အရ အင်ဒိုနီးရှားနိုင်ငံမှာ သူလျှိုအဖြစ် အကြိမ်ကြိမ်လုပ်ဆောင်ဖို့ တာဝန်ပေးထားတယ်လို့ ရဲတပ်ဖွဲ့ကို ပြောထားပါတယ်။ 

“Gilchalan ရဲ့ ကြုံတွေ့ရမှုက အီရန်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးနဲ့ နိုင်ငံအများအပြားကြား သူလျှို တွေအတွက် တုန်လှုပ်သွားစေခဲ့ပြီး နိုင်ငံတစ်ခုစီက အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုလို့ ယူဆထားပါတယ်။ ဒီလို စစ်ဆင်ရေးတွေဟာ ထိုင်းအပါအဝင် အရှေ့တောင်အာရှ နိုင်ငံ တွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ အမျိုးသားဟာ သူ့ရဲ့ လျှို့ဝှက်လုပ်ဆောင်မှုတွေအတွက် အင်ဒိုနီးရှားရဲ့ အချက်အချာ နေရာမှာ ကုမ္ပဏီတစ်ခုအဖြစ် ဟန်ပြပြီ လုံခြုံစိတ်ချရတဲ့ အိမ်အဖြစ် အသုံးပြုခဲ့တယ်လို့ သူကပြောပါသေးတယ်။ 

Gilchalan နဲ့သံတမန်ဟောင်းတို့ဟာ ထိုင်းနိုင်ငံကို အကြိမ်များစွာ သွေားရောက်ခဲ့ပြီး အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ထင်ရှားတဲ့ ရှီးယိုက် ထိုင်းမွတ်စလင်တွေနဲ့လည်း တွေ့ဆုံ ထားကြပါတယ်။ 

“အီရန်က သူလျှိုတွေဟာ ပတ်စပို့အတုတွေသုံးပြီး ထိုင်းနိုင်ငံမှာ လျှို့ဝှက်စစ်ဆင်ရေးတွေမှာ ပါဝင်နေတာ ဖြစ်နိုင်သလို ထိုင်းနိုင်ငံသားတချို့ကလည်း သူလျှိုအဖြစ် ငွေကြေးအကူအညီ ဒါမှမဟုတ် တခြားပံ့ပိုးကူညီမှုတွေနဲ့ လုပ်ဆောင်နေတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောခဲ့ပါတယ်။ 

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးကို ထိုင်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပဖို့ စိုးရိမ်မှုတွေရှိနေကြပါတယ်။ 

“ဆူပူမှုတွေ ဒါမှမဟုတ် အကြမ်းဖက်မှုတွေ ဖြစ်မလာနိုင်အောင် ကျွန်တော်တို့ မတတ်နိုင်ဘူး” လို့  ထိုင်း အာဏာပိုင်တွေက ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလက ပြောဆိုထားခဲ့ပြီး Sukumvit 71 ပေါက်ကွဲမှု ပုံစံမျိုး ထပ်မံမဖြစ်စေချင်ဘူးလို့ ပြောဆိုထားပါတယ်။ 

၂၀၂၀ ခုနှစ်နိုဝင်ဘာလ က အီရန်အကျဉ်းသားနှစ်ဦးကို နှစ်နိုင်ငံသဘောတူညီချက်အရ သူတို့ရဲ့ ပြစ်ဒစ်တွေကျခံဖို့ ပြည်တော်ပြန်စေခဲ့ပြီး နောက် တတိယမြောက်အီရန်အကျဉ်းသားဟာ လည်း အဲ့ဒီနှစ် ဩဂုတ်လမှာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ရရှိထားပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.