ဒိုဟာ – ဇွန်(၂) 

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုတွေမှာ ကာဗွန်ဓာတ်ငွေ့လျော့ပါးစေဖို့ အစောပိုင်းက ကြေငြာ ထားပေမယ့် ကာတာလေကြောင်းလိုင်းအကြီးအကဲဟာ ဒေသတွင်း ကနေ ပြိုင်ပွဲကျင်းပမယ့် ဒိုဟာ မြို့ကို နေ့စဉ် အကြိုအပို့လုပ်ပေးမယ့် အပိုဆောင်းဧည့်ကြိုလေယာဉ် (၁၆၀) ကျော်ရဲ့ ပျံသန်းမှုတွေကိုတော့ ကာကွယ်ပြောဆိုထားပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေကနေ ကမ္ဘာ့ဖလား လက်မှတ်ကိုင်ဆောင်ထားသူတွေအတွက် ဒိုဟာမြို့ ကို တရက်တာ အသွား/အပြန်ခရီးစဉ်အတွက် ဒေသတွင်းလေကြောင်းသယ်ယူပို့ဆောင်သူတွေနဲ့ မိတ်ဖက်ပြုလုပ်ထားပြီးဖြစ်တယ်လို့ ကာတာလေကြောင်းလိုင်းက ကြေငြာထားပါတယ်။ 

အားကစားပြိုင်ပွဲတွေ ရေရှည်ရပ်တည်ရေးမျှော်မှန်းချက်ကို ထိခိုက်လာနိုင်တဲ့အတွက် ရာသီဥတု ဆိုင်ရာ ရှေ့နေတွေကတော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တိုင်တန်သွားမှာဖြစ်ပါတယ်။ 

“အပြုသဘောမဆောင်တဲ့ လူတွေ ပြောပြောနေတဲ့ အရာတွေကို ကျေးဇူးပြုပြီး မယုံကြည် ကြပါ နဲ့ လေကြောင်းပျံသန်းမှု အပြည့်ဖြစ်အောင်ဆောင်ရွက်ထားဆာင်ရွက်ထားမည်” လို့ ကာတာ လေကြောင်းလိုင်းက အက်ဘာအယ်လ်ဘိတ်ကာက CNN သတင်းဌာနကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကာတာလေကြောင်းလိုင်းမှာ သာမန်လေယာဉ်တွေထက်(ကာဗွန်)ထုတ်လွှတ်မှုနည်းပါး တဲ့ လေယာဉ်တွေရှိပါတယ်လို့ သူက ပြောပါသေးတယ်။ 

တခြား လေယာဉ်တွေထက် (ကာဗွန်) ထုတ်လွှတ်မှုနည်းပါးတာနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းမပြထားပေမယ့် လေကြောင်းလိုင်း ဝက်ဘ်ဆိုဒ်စာမျက်နှာ မှာ ဖော်ပြထားတာတော့ ကောင်းကင်အတွင်း အသေးဆုံးယာဉ်စုတွေအနက်တစ်ခုကို အသုံးပြုထားပြီး လောင်စာ စွမ်းအင်ကို ပိုမိုအစွမ်းထက်အောင်ပြုလုပ်ပေးတဲ့အစီအစဉ်(၇၀) ကိုလည်း အကောင်အထည် ဖော်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကတော့ အရင်ကာဗွန်မှတ်တမ်းကို ဖေဖော်ဝါရီလ(၂၀၂၁) ခုနှစ်မှာ ထုတ်ပြန်ထားခဲ့ပြီး အမှန်တကယ် မှတ်တမ်းတွေကိုတော့ ပြိုင်ပွဲ ကျင်းပပြီးချိန်မှသာ တွက်ချက် လေ့ရှိတယ်လို့ ပြောထားပါတယ်။ 

ကာတာအခြေစိုက်ပွဲ ကျင်းပသူတွေရဲ့ စက်တင်ဘာလ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ဖလား လက်ခံကျင်းရတဲ့ အကျိုးတွေထဲမှာ နိုင်ငံရဲ့ သဘာဝကို ကျစ်လစ်သပ်ရပ်စွာ ထားရှိတာဟာ အားကစားရုံတွေကြား တိုတောင်းတဲ့ ခရီးအကွာအဝေးဟာ ပရိသတ်တွေရဲ့ ပြည်တွင်းလေ ကြောင်းလိုင်း လိုအပ်ချက်ကို သက်သာစေပြီး ပြိုင်ပွဲကျင်းပချိန် တစ်လျောက် ကာဗွန်အတိုင်းအ တာတွေကိုလျှော့ချစေနိုင်တယ်လို့ ပြောဆိုထားပါတယ်။

အယ်လ်ဘိတ်ကာက တရက်တာ လေကြောင်းအကြိုအပိုအစီအစဉ်ဟာ ဆောင်ရွက်ရေးဆွဲခဲ့တဲ့ အစီအစဉ်တစ်ရပ်ဖြစ်ပြီး အာရပ်စော်ဘွားကြီးအနေနဲ့လည်း ဒီပြိုင်ပွဲကျင်းပတာကတဆင့် အိမ်နီးချင်းနိုင်ငံတွေကို အကျိုးအမြတ်ခွဲဝေပေးစေလိုတယ်လို့ ပြောပါတယ်။ 

ကာတာမှာ နိုင်ငံပိုင်အထောက်အကူပြုအဆောက်အဦးတွေရှိနေပြီး လူတွေကို မြန်မြန်ဆန်ဆန် သွားလာနိုင်ဖို့အတွက် အစီအစဉ်တကျ လုပ်ဆောင်နိုင်မှာဖြစ်ပြီး မက်ထရို မြေအောက်ရထား စနစ်တွေကို အကြီးစားသယ်ယူပို့ဆောင်ရေးအဆောက်အဦးထဲမှာ ထည့်သွင်းထားမှာ ဖြစ်တယ် လို့ သိရပါတယ်။ 

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.