May 2022

တရုတ်နိုင်ငံတွင် ဆေးပစ္စည်းအထောက်အပံ့များသယ်ဆောင်ရန် မြောက်ကိုရီးယား လေယာဥ်များ ဆင်းသက်ခဲ့

ဆိုးလ် ၊ မေ (၁၉) မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ် 19 ကူးစက်မှု ပထမဦးဆုံးဖြစ်စဥ်ကို မီဒီယာတွေမှာ အင်္ဂါနေ့အတွင်း အတည်ပြုခဲ့ပြီးနောက် မြောက်ကိုရီးယားလေယာဥ်တစင်း ဆေးဝါးအထောက်အပံတွေကို သယ်ဆောင်ဖို့အတွက် တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့တယ်လို့ မေလ ၁၇ ရက်နေ့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ လွန်ခဲ့သော ၂ နှစ်ကျော်ကြာ ကိုဗစ်ကပ်ဘေးစတင်ချိန်ကတည်းကဆိုရင် ထိုကဲ့သို့ ပထမဦးဆုံး နိုင်ငံတကာသို့ လေယာဥ်…

စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ စစ်လက်နက်တွေအကူအညီပေးဖို့အနောက်နိုင်ငံတွေကို NUG တောင်းဆို

ရန်ကုန် – မေ(၁၉) အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဟာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက် ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရုရှားကျူးကျော်စစ်ကို တိုက်ခိုက်နေတဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေကိုထောက်ပံ့သလိုကူညီဖို့ နိုင်ငံတကာကိုအကူအညီတောင်းခံခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေနဲ့ မြန်မာ့ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့စစ်တွေဟာ လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေကြပေမယ့် လက်နက်အင်အားကောင်းမွန်တဲ့ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသူတွေအတွက်နိုင်ငံတကာက စိတ်ဓာတ်ရေးရာအရ ထောက်ခံမှု ပေးတာထက် ပိုမိုလုပ်ဆောင်ပေးဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်က ပြောပါတယ်။…

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှာ ထိုင်ဝမ်နိုင်ငံပါဝင်ဖို့အတွက် အမေရိကန်တောင်းဆို

ထိုင်ပေ – မေ(၁၉) လာမယ့် သီတင်းပတ်အတွင်းကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံကို ထိုင်ဝမ်နိုင်ငံ တက်ရောက်သင့်တယ်လို့ အမေရိကန်အနိုင်ငံအုပ်ချုပ်ရေးဦးစီးဌာနက ပြောဆိုထားပြီး တရုတ်အစိုးရရဲ့ စေခိုင်းမှုနဲ့ ဒီမိုကရေစီနည်းလမ်းအရအုပ်ချုပ်တဲ့ ကျွန်းနိုင်ငံကို ချန်လှပ်ထား တာဟာ ကမ္ဘာ့ကျန်းမာရေးအတွက်စိုးရိမ်မှုတစ်ခုဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ထိုင်ဝမ်ကို ခရိုင်ဒေသန္တရတစ်ခုသာဖြစ်ပြီး သီးသန့်နိုင်ငံတစ်ခုမဟုတ်ဘူးဆိုတဲ့ အကြောင်းပြ ချက်နဲ့တရုတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင်ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေက ချန်လှပ် ထားဖို့ ပယ်ချထားပါတယ်။ တိုင်ပေ-ဘေဂျင်းဆက်ဆံရေးအဆင်ပြေချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံဟာ ၂၀၀၉…

လာအိုမှာ လောင်စာဆီ လိုအပ်ချက်တွေနဲ့ ကြုံတွေ့ရနိုင်

ဗီယင်ကျန်း၊ မေ(၁၈) လာအိုအစိုးရက အရှေတောင်အာရှနိုင်ငံတွင်း လောင်စာဆီဝယ်လိုအားများလာတာနဲ့အတူ အလုံးအရင်းနဲ့ အဆမတန်ဝယ်ယူမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက် လာအိုမှာ လောင်စာဆီရရှိမှု လိုအပ်ချက်တချို့ကြုံတွေ့ရနိုင်တယ်လို့ အဓိက ရောင်းဝယ်သူ တစ်ဦးက ပြောပါတယ်။ လာအိုဟာ သူတို့ရဲ့ ရေနံဆီအများစုကို အိမ်နီးချင်း ထိုင်းနိုင်ငံက တင်သွင်းမှုအပေါ် မှီခိုနေရတာ ဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်းပတ်က ဓာတ်ဆီဆိုင်အများစုကို ပိတ်ထားခဲ့ရပြီး လောင်စာဆီ သိုလှောင်ဖို့…

ကိုဗစ်ကူးစက်မှု မြင့်မားနေတဲ့ မြောက်ကိုရီးယားကိုအကူအညီပေးဖို့ နှမြောနေမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားဆို

ဆိုလ်း – မေ(၁၈) မြောက်ကိုရီးယားနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် ကူညီဖို့ နှမြောနေမှာ မဟုတ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက်လမ်းဖွင့်ထားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းစုခ်ယိုက ပြောခဲ့ပါတယ်။ သမ္မတရဲ့ မိန့်ခွန်းမှာ သီးခြားအနေနဲ့ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကတစ်ဆင့် ကမ္ဘာ့ထောက် ပံ့ရေး ကွင်းဆက်မှာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေမယ့် နည်းလမ်းတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ “မြောက်ကိုရီးယားသာ…

ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကိုအကန့်အသတ်နဲ့ ဖွင့်လှစ်သွားမယ်။

တိုကျို – မေ(၁၈) ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍအပြည့်အဝပြန်လည်ဖွင့်လှစ်ချိန်မတိုင်မီမှာ သတင်းအချက်အလက် စုဆောင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အကန့်အသတ်နဲ့သာခွင့်ပြုတဲ့ စမ်းသပ်ခရီးသွားကဏ္ဍကို မေလအတွင်းစတင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ခရီးသွားကဏ္ဍဟာ ဂျပန်နိုင်ငံစီးပွားရေးရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေး စတင်ျိန်၂၀၂၀ ခုနှစ်တည်းက နယ်စပ်မျဉ်းတွေကို ပိတ်ထားခဲ့ရပြီး ခရီးသွားဧည့်သည်တွေကို ပြန်လည်ဝင်ရောက်ခွင့်တော့ မပြုသေးပါဘူး။ ကျောင်းသားကျောင်းသူတွေနဲ့ တချို့သော လုပ်ငန်းကိစ္စနဲ့ ခရီးသွားလာသူတွေကို ခွင့်ပြုနိုင်ဖို့ မူဝါဒတချို့ကို အနည်းငယ်ဖြေလျော့ထားခဲ့ပြီး…

မြောက်ကိုရီးယားခေါင်းဆောင်က ကျန်းမာရေးတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်

ပြုံယမ်း – မေ(၁၇) နိုင်ငံတစ်ဝှမ်းကိုဗစ်ရောဂါဖြစ်ပွားမှု့မြင့်တက်လာတဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က ကျန်းမာရေးဌာနတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဆေးဝါးတွေဖြန့်ဝေဖို့ စစ်တပ် ကိုအမိန့်ပေးခဲ့ပါတယ်။ နိုင်ငံတကာက မြောက်ကိုရီးယားကို ပြီးခဲ့တဲ့နှစ်က သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာ ကွယ်ဆေးတွေထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကိုဗစ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ် ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ံဖို့ ငြင်းဆိုထားတာပါ။ ခေါင်းဆောင်ကင်မ်က နိုင်ငံအတွင်းလျင်မြန်စွာပြန့်ပွားနေတဲ့ ကိုဗစ်ဖြစ်ပွားမှုကို “ကြီးစွာသော ဘေးအန္တရာယ်”ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး…