ကိဗ်၊ မေ (၂၈)

ယူကရိန်းနိုင်ငံရှိ မာရီယူပူးမြို့ကို ဗုံးကြဲမှုတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးပိုင်ဆိုင်သော သံမဏိစက်ရုံပျက်စီးခဲ့ပြီး ယင်းဆုံးရှုံးမှုအတွက် ရုရှားကို တရားစွဲသွားရန် စီစဉ်နေကြောင်း ပြောပါတယ်။

အော်ဇိုစတော်သံမဏိစက်ရုံမှာ ယူကရိန်းနိုင်ငံ၏ တောင်ပိုင်းဆိပ်ကမ်းမြို့တွင်ရှိပြီး ယင်းမြို့မှာ လက်ရှိစစ်ပွဲရဲ့ နောက်ဆုံးခံတပ်ဖြစ်လာပြီးနောက် ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် အမြောက်ကျည်များကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့ကာ သူဌေးကြီးပိုင်ဆိုင်တဲ့ အခြားသော စတီးနှင့် သံမဏိစက်ရုံနှစ်ခုလည်း ဆိုးရွားစွာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

“ရုရှားကို ကျိန်းသေပေါက် တရားစွဲပြီး ဆုံးရှုံးခဲ့ရတဲ့ လုပ်ငန်းအားလုံးအတွက် လျော်ကြေးငွေကို တောင်းဆိုသွားမှာပါ” လို့ ယူကရိန်း၏ အကြီးဆုံးသံမဏိထုတ်လုပ်သည့် စက်ရုံပိုင်ရှင် ရီနတ်အက်ခ်မီတော့ဖ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

အော်ဇိုစတော်နှင့် အခြားသောစက်ရုံတို့ရဲ့ ပျက်စီးမှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးမည်မျှရှိသည်ကို မေးမြန်းရာ “ရုရှားရန်လိုမှုကြောင့် အစားထိုးစရိတ်မှာ ဒေါ်လာ ၁၇ မှ ၂၀ ဘီလီယံအထိ ရှိတာဖြစ်ပြီး နောက်ဆုံးပမာဏအတွက် ရုရှားကို တရားစွဲဆိုရာတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း” သူက ပြောကြားခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ ၂၄ ရက်က ရုရှားကျူးကျော်ဝင်ရောက်ပြီးကတည်းက မတ်တင်ဗက် စီးပွားရေးအုပ်စုသည် ၎င်း၏ကုန်စည်ထောက်ပံ့ရေး စာချုပ်များကို မလွှဲအပ်နိုင်ကြောင်း ကြေညာခဲ့ပြီး သူဌေး အက်ခ်မီတော့ဖ်၏ ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်း SCM Group နှင့် သူ၏ ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သည့် DTEK တို့သည်လည်း  ကြွေးမြီများဆိုင်ရာ သဘောတူညီမှုများကို ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ 

အက်ခ်မီတော့ဖ်က သူသည် ရုရှားနှင့် စစ်ပွဲ စတင်ကတည်းက ယူကရိန်းတွင် ရှိနေခဲ့ပြီး “ကျွန်ုပ်တို့ နိုင်ငံကို ယုံကြည်သလို အောင်ပွဲကိုလည်း ယုံကြည်ပါတယ်” လို့ ကြွေးကြော်ခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.