ယူကရိန်း၏ အချမ်းသာဆုံးပုဂ္ဂိုလ်က သူ၏ဆုံးရှုံးမှုများအတွက် ရုရှားကို တရားစွဲရန် စီစဉ်နေ
ကိဗ်၊ မေ (၂၈) ယူကရိန်းနိုင်ငံရှိ မာရီယူပူးမြို့ကို ဗုံးကြဲမှုတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးပိုင်ဆိုင်သော သံမဏိစက်ရုံပျက်စီးခဲ့ပြီး ယင်းဆုံးရှုံးမှုအတွက် ရုရှားကို တရားစွဲသွားရန် စီစဉ်နေကြောင်း ပြောပါတယ်။ အော်ဇိုစတော်သံမဏိစက်ရုံမှာ ယူကရိန်းနိုင်ငံ၏ တောင်ပိုင်းဆိပ်ကမ်းမြို့တွင်ရှိပြီး ယင်းမြို့မှာ လက်ရှိစစ်ပွဲရဲ့ နောက်ဆုံးခံတပ်ဖြစ်လာပြီးနောက် ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် အမြောက်ကျည်များကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့ကာ သူဌေးကြီးပိုင်ဆိုင်တဲ့ အခြားသော စတီးနှင့် သံမဏိစက်ရုံနှစ်ခုလည်း ဆိုးရွားစွာ…