ဂျာကာတာ – မေ(၁၇)

အင်ဒိုနီးရှားနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကျောက်မီးသွေးသုံးစွဲမှုဖယ်ရှားနိုင်ဖို့အတွက် အထောက်အပံ့ဖြစ်စေဖို့ ကနဦးဆောင်ရွက်ချက်တစ်ရပ် ချဲ့ထွင်သွားမယ်လို့ G7 အဖွဲ့ဝင် နိုင်ငံတွေက ပြောပါတယ်။ 

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွင်း ကာဗွန်လျှော့ချရေးဖြစ်စဉ်ကို အရှိန်အဟုန်မြင့်တင်ဖို့ တွန်းအားတစ် ရပ်အနေနဲ့ ကျောက်မီးသွေးအခြေပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှ အသစ်ပြန်လည် ဖြစ်ပေါ် လာနိုင်တဲ့ စွမ်းအင်သိုကူးပြောင်းနိုင်ရေးအတွက် G7 အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့ကိုကူညီသွားမယ်လို့ သိရပါတယ်။ 

အဲ့ဒီအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက်တစ်ရပ်ဟာ မေလနှောင်းပိုင်းမှာ G7 ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရာသီဥတုနဲ့ စွမ်းအင်ဝန်ကြီးများအစည်းအဝေးအပြီးမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

G7 ဟာ ကျောက်မီးသွေးလျှော့ချရေးနဲ့ သက်ဆိုင်တဲ့ မူဘောင်ကို ချဲ့ထွင်းဆောင်ရွက်သွားမယ့် ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ဟာ G7 အဖွဲ့ဝင်တွေနဲ့ ဥရောပသမဂ္ဂနဲ့အတူ အင်ဒိုနီးရှားအဓိက ကူညီ ထောက်ပံ့သူများဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ 

ရှေ့ပြေးဆောင်ရွက်ချက်ဟာ အာရှဖွံ့ဖြိုးရေးဘဏ်က စီစဉ်တဲ့ ရန်ပုံငွေနဲ့ အရှေ့တောင်အာရှ အတွင်းကျောက်မီးသွေးသုံးစွဲမှုမှ ကင်းဝေးနိုင်ရး ဘဏ္ဍာရေးအစီအစဉ်အတွင်းထည့်ဝင်သွား မှာဖြစ်ပါတယ်။ 

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြီးထားလာနေတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုတွေပိုမိုတောင်းဆိုထားကြပါတယ်။ 

ဥရောပကော်မရှင်ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေပါ့လျော့မှု ရှိတဲ့ နိုင်ငံတွေက သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မယ့် စနစ်တစ်ရပ်ကို စီစဉ်ထားပြီး ရုပ်ကြွင်း လောင်စာအပေါ်မှီခိုနေရဆဲဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ လွတ်လုပ်တဲ့ ကုန်သွယ်မှုကို နှောင့်နှေး စေတယ်လို့ စောဒကတက်ကာ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ 

ကျောက်မီးသွေးသုံမှုကို အမြန်အဆုံးသတ်ဖို့ ဥရောပနဲ့ အမေရိကန်တို့က တောင်းဆိုနေချိန်မှာ ဂျပန်နိုင်ငံဟာ ကျောက်မီးသွေးကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက် ကိုထုတ်ပြန်ကြေငြာတာမရှိတဲ့ တစ်ခုတည်းသော G-7 နိုင်ငံဖြစ်ပါတယ်။ 

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သီးခြားထောက်ပံ့မှုကို စီစဉ်ဆောင်ရွက်နိုင်ရေးအပြင် G-7 အဖွဲ့ဝင် နိုင်ငံတွေက ကျောက်မီးသွေးအခြေပြုနိုင်ငံတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုပမာဏကို သေချာအောင် ဆောင်ရွက်ထားရတာဟာ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာနိုင်ပါတယ်။ 

Ref:Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.