ဘန်ကောက် – မေ(၁၇)

၂၀၁၃ ခုနှစ် ဘန်ကောက်အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲမှာ နောက်ဆုံးအကြိမ်အသုံးပြခဲ့ တဲ့ ဆန္ဒမဲပေးပုံနည်းလမ်းတွေကို တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူ Chadchart Sittipunt က ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက်မှာတော့ အတိုက်အခံတွေက ဝေဖန်မှုတွေထွက်ေပေါ်လာခဲ့ပါတယ်။ 

လက်ရှိလူကြိုက်များနေတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း Chadchart Sittipunt ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နီးစပ်သူဖြစ်တယ်လို့ အတိုက်အခံပါတီဝင်တွေက ထင်မြင်နေ ကြပြီး လက်နက်ကိုင်တပ်ဖွဲ့လုံခြုံရေးစင်တာ အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Nanthadej Meksawat က ပြောဆိုခဲ့ပါတယ်။ 

ရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်းတွေမှာ ၂၀၁၃ ရွေးကောက်ပွဲနဲ့ မတူညီတဲ့ အချက်မှာ ကိုယ်စားလှယ် လောင်း(၄) ဦးကို သက်ဆင်ဆန့်ကျင်ရေးအဖွဲ့ဝင်တွေက ခန့်အပ်ထားတာဖြစ်တယ်လို့ အဝါရောင် အင်္ကျီဝတ်လူထု ဒီမိုကရက်တစ်အကူးအပြောင်း ကော်မတီရဲ့ အဓိက ပုဂ္ဂိုလ်ဖြစ်သူ ဆီရီဝန်မွန်ထာ ကပြောပါတယ်။ 

ဖီယူထိုင်းပါတီ ဒုတိယခေါင်းဆောင်ဆူတင်ကလူဆန်က ဆန္ဒမဲလွှဲပြောင်းပေးတဲ့ နည်းလမ်းဟာ ၂၀၁၃ ရွေးကောက်ပွဲတွေနဲ့ မတူညီတဲ့ အချိန်မှာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့လည်း မှတ်ချက်ပြုထားပါတယ်။ 

“၂၀၁၃ ခုနှစ်မှ နိုင်ငံရေးအခြေခံဟာ ယခုအခါမှာ သိသာစွာပြောင်းလဲခဲ့ပြီဖြစ်တာကြောင့် တူညီတဲ့ မဟာဗျူဟာကျမဲလွှဲပြောင်းရေးနည်းလမ်းဟာ အလုပ်ဖြစ်မှာမဟုတ်သလို ထိုနည်းလမ်းဖြင့်လည်း မဲဆန္ဒရှင်တွေကို အလွယ်တကူ စည်းရုံးသိမ်းသွင်းလို့ မရနိုင်ဘူး”လို့မစ္စတာ ဆူတင်ကပြောခဲ့ပါတယ်။

ထိုင်းအခြေစိုက်တက္ကသိုလ်တစ်ခုမှ နိုင်ငံရေးသိပ္ပံကထိက တွဲဖက်ပါမောက္ခယွတ်တာပွန် အစ္စရာချိုင် ဟာလည်း မဟာဗျူဟာကျမဲလွှဲပြောင်းရေးနည်းလမ်းဆိုင်ရာ လှုံ့ဆော်မှုစာ ဒီအချိန်မှာ အလုပ်ဖြစ် နိုင်ခြေမရှိဘူးဆိုတာ သဘောတူထားခဲ့ပါတယ်။ 

လွန်ခဲ့တဲ့(၉) နှစ်နဲ့ မတူညီတဲ့ အချက်မှာ မေလ(၂၂) မှာပြုလုပ်မယ့် ဘန်ကောက်ခရိုင်ဒေသန္တရရွေး ကောက်ပွဲမှာ ပထမအကြိမ်မဲပေးမယ့် မဲဆန္ဒရှင်(၇) သိန်းအထိရှိပြီး မျိုးဆက်(Y) ထက်ပင် တစ်မီလျံ ခန့်များပြားကာ ရှေးရိုးစွဲတဲ့ မဲဆန္ဒရှင်အရေအတွက်မှာ (၂) မီလျံထက်ပင်နည်းတယ်လို့ သူက မှတ် ချက်ပြုထားပါတယ်။ 

ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာဟာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဦးဆောင်မှုတွေမှာ ဘက်အားလုံး ငြိမ်းငြိမ်းချမ်းချမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပြီး အသစ်တဖန်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမငြိမ် မသက်မှုဆိုင်ရာ အကြောင်းအရာဟာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ လုပ်ဆောင်ခဲ့ကြတဲ့ လူတိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုကို ပျက်ပြားစေတယ်လို့ ပြောဆိုထားပါတယ်။ 

ဒေသတွင်းသတင်းအရင်းအမြစ်တစ်ခုကတော့ ဝန်ကြီးချုပ်ဟာ လာမယ့် ရွေးကောက်ပွဲတွေကို ဦးတည်တဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ရှိနေတယ်လို့ သိရပါတယ်။ 

ချူလာလောင်ကွန်းတက္ကသိုလ်အတွက် ၂၀၁၈ ခုနှစ်အတွင်းလုပ်ဆောင်ခဲ့တဲ့ ပြန်လည် ဆန်းစစ်ရေး စီမံချက်နဲ့ ပတ်သက်ပြီ မစ္စတာ ချတ်ချာဟာ အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ချစားမှု တားဆီးရေး ဆိုင်ရာ အစိုးရအိမ်တော်ကို အသနားခံစာတင်ခဲ့ရသေးတယ်လို့ သတင်းအရင်းအမြစ်က ပြောခဲ့ ပါတယ်။ 

ဘန်ကောက်ရွေးကောက်ပွဲကော်မရှင်ရုံး ဒါရိုက်တာ ဆမ်ရန် တန်ဖာနစ် က တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ အနိုင်ရသူရဲ့ ရလဒ်ကို ညနေ ၅ နာရီအထိတိုင် ထုတ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.