Workers in protective suits move equipment for a makeshift nucleic acid testing site to the next residential area after wrapping up the screening at a compound, amid the coronavirus disease (COVID-19) outbreak in Shanghai, China May 14, 2022. cnsphoto via REUTERS

ရှန်ဟိုင်း၊ မေ ၁၇

၁၅ ခရိုင်၌ ကွာရန်တင်းဧရိယာပြင်ပတွင် ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ပြီလို့ ကြေညာပြီးနောက် ရှန်ဟိုင်းမြို့ကို ပုံမှန်အခြေအနေပြန်လည်စတင်နိုင်ရန်အတွက် ဇွန် ၁ ရက်မှစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားကြောင်း မြို့တော်အရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ 

ဒုတိယမြို့တော်ဝန် Zong Ming က နေ့စဉ်အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် မြို့တော်၏ခြောက်ပတ်ကျော် လော့ဒေါင်း လုပ်ထားခဲ့ခြင်းကြောင့် လူပေါင်း ၂၅ သန်းက ပုံမှန်ပြန်လည် အသက်ရှင်နေထိုင်ရန်အတွက် အချိန်ဇယားကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။  

ရှန်ဟိုင်းအာဏာပိုင်များက မြို့တော်၏ ကူးစက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီလို့ ကြေညာထားသော်လည်း ၎င်းတို့၏ ရည်မှန်းချက်မှာ မေလ ၂၁ ရက်အထိ ရောဂါကူးစက်မှု ပြန်လည်ဦးမော့လာမှုကို တားဆီးရန်ဖြစ်ပြီး ကန့်သတ်ချက်များစွာ ဆက်လက်ကျန်ရှိနေဦးမယ်လို့ သိရပါတယ်။ 

သီးသန့်ခွဲထားသောနေရာများအပြင်ဘက်မှာ ရောဂါဖြစ်ပွားမှုများကို ဖယ်ရှားနိုင်ခဲ့ခြင်းက တရုတ်နိုင်ငံရဲ့ တင်းကျပ်သော သုည-ကိုဗစ် မူဝါဒအောက်တွင် ပုံမှန်ဘဝပြန်လည်ရောက်ရှိရန်အတွက် အဓိက အခြေအနေတစ်ခု ဖြစ်နေတာပါ။ 

မြို့တော်သည် ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် မီးရထားဝန်ဆောင်မှုများကို ဖြည်းဖြည်းချင်းတိုးမြှင့် ဖွင့်လှစ်ရန် စီစဉ်နေပြီး တနင်္လာနေ့မှစတင်ကာ စူပါမားကတ်များ၊ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များကို ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ 

ရှန်ဟိုင်းမြို့ရဲ့ အသွားအလာကန့်သတ်ချက်များနှင့်အတူ အခြားတရုတ်မြို့ကြီးအများအပြားတွင် ကိုဗစ်-၁၉ ကန့်သတ် ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ထိခိုက်စေခဲ့ပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ 

ပိတ်ဆို့အရေးယူမှုများ ပိုမိုကျယ်ပြန့်လာခြင်းကြောင့် စားသုံးမှု၊ စက်မှုကုန်ထုတ်မှုနှင့် အလုပ်အကိုင်များ ကြီးမားစွာ ထိခိုက်စေခဲ့ပြီး ဧပြီလတွင် စီးပွားရေးလှုပ်ရှားမှုများ သိသိသာသာ အေးသွားခဲ့ခြင်းကြောင့် ဒုတိယသုံးလပတ်တွင် စီးပွားရေးကျုံ့သွားနိုင်မှာကို စိုးရိမ်မှုများ ရှိနေတာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံရဲ့ စာရင်းအင်းဗျူရိုက မေလတွင် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာရန် နှင့် ရောင်းဝယ်ဖောက်ကားမှု ပြန်လည်ကောင်းမွန် မြန်ဆန်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံသည် COVID-ဒဏ်သင့်ဒေသများတွင် ထုတ်လုပ်မှုပြန်လည်စတင်ရန် ဆက်တိုက်တွန်းအားပေးနေကြောင်း နှင့် ဒုတိယသုံးလပတ်တွင် တရုတ်နိုင်ငံ၏စီးပွားရေးသည် အတော်လေးကောင်းမွန်သော လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ Fu Linghui က ပြောကြားခဲပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.