မော်စကို – မေ(၁၆) 

ဖင်လန်နိုင်ငံက နေတိုးအဖွဲ့ကိုဝင်ဖို့ အားထုတ်မှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်လာပြီး နောက် မှာတော့ ဖင်လန်နိုင်ငံကို လျှပ်စစ်ဓာတ်အားပေးဝေမှုကကို ရုရှားက ဆိုင်းငံ့ထားမှာဖြစ် တယ်လို့ ရောင်း ချသူတစ်ဦးက ပြောခဲ့ပါတယ်။ 

ရုရှားနိုင်ငံပိုင် RAO ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ RAO Nordic က မေလ(၁၄) ရက်နေ့ကစပြီး လျှပ်စစ်ဓာတ် အားတင်သွင်းမှုကို မဖြစ်မနေရပ်ဆိုင်းထားရမှာဖြစ်တယ်လို့ ကြေညာခဲ့ပြီး မေလမှာရောင်းချတဲ့ ပမာဏ အတွက် ငွေပေးချေမှုမရရှိခဲ့ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

“ဒီအခြေအနေက ထူးခြားဖြစ်စဉ်တစ်ခြဖြစ်ပြီး အနှစ် 20 ကျော်အတွင်း ကျွန်တော်တို့ကုန် သွယ်မှုသမိုင်းအစဉ်အလာမှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာဖြစ်ပြီး မကြာမီအချိန်မှာ အခြေအနေ တွေ တိုးတက်လာပြီး ကုန်သွယ်မှု ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ RAO Nordic က ပြောခဲ့ပါတယ်။ 

ဖင်လန်နိုင်ငံမှာ လျှပ်စစ်ဓာတ်အားလုံလောက်မှုကို စိုးရိမ်စရာတစ်စုံတစ်ရာမရှိပဲ ရုရှားက လျှပ်စစ်ဓာတ်အားဟာ ဖင်လန်နိုင်ငံရဲ့ ဓာတ်အားသုံးစွဲမှာ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းသာ ဖြစ်တယ်လို့ ဖင်လန် ဂရစ်ဓါတ်အားပေးကုမ္ပဏီ ဖင်ဂရစ်က ပြောထားပါတယ်။ 

“ဖြတ်တောက်ခံရတဲ့ လျှပ်စစ်ဓါတ်အား တင်သွင်းမှုတွေကို ဆွီဒင်နိုင်ငံကနေ လျှပ်စစ်ဓာတ်အား ပိုမိုတင်သွင်းပြီး တစ်စိတ်တစ်ပိုင်းကိုတော့ ပြည်တွင်းထုတ်လုပ်မှုမှ လျှပ်စစ်ဓာတ်အားဈေး ကွက်တွေမှာ အစားထိုးနိုင်ပါတယ်” လို့ ၎င်းက သူတို့က ပြောပါသေးတယ်။ 

ဥရောပ ငွေကြးလဲလှယ်မှု အော်ပရေတာ Nord Pool ကုမ္ပဏီဟာ ဥရောပနိုင်ငံတွေရဲ့ ဓာတ်အား ဖလှယ်မှုမှာ Inter RAO ကို မေလ(၆) ရက်နေ့တည်းက ရုရှားနိုင်ငံက ဝယ်ယူတဲ့ လျှပ်စစ်ဓာတ် အားအတွက်ငွေပေးချတာမရှိတော့ဘူးလို့ သိရပါတယ်။ 

“Nord Pool က သူတို့အတွက် ငွေပေးချေရတာပါ၊ ဖင်ဂရစ်က ဤလျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးတွင် ပါဝင်သူအစုအဖွဲ့မဟုတ်ဘဲ ကျွန်ုပ်တို့က ရုရှားမှ ဖင်လန်သို့ ဓါတ်အား လွှဲပြောင်းချိတ်ဆက်မှုကို ပံ့ပိုးပေးရတာပါ” လို့ဖင်ဂရစ် ရဲ့လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကြီးတန်းဒုဥက္ကဋ္ဌက ရိုက်တာ ကိုပြောခဲ့ပါတယ်။ 

ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ဖေဖော်ဝါရီ(၂၄) က ကျူးကျော်စစ်ဆင်နွှဲဖို့ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်ပြီးတည်းက ဖင်လန်ခေါင်းဆောင်တွေက သူတို့နိုင်ငံကို နေတိုးအဖွဲ့ကို တုံ့ဆိုင်းခြင်းမရှိပဲ ပူးပေါင်းဖို့ လျှောက်ထားရမယ်လို့ ပြောဆိုထားကြပါတယ်။ 

ဖင်လန်နိုင်ငံရဲ့ ပူးပေါင်းမှုကို ခြိမ်းခြောက်မှုအဖြစ်အတိအကျမြင်ရမှာဖြစ်ပြီး အကောင်အထည် ဖော်ဖို့အတွက် အပြန်အလှန်ခြေလှမ်းများ၊စစ်ရေးနည်းပညာနဲ့ တခြားသော ခြိမ်းခြောက်မှုတွေ အတွက် ရုရှားက ဖိအားပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.