ဝါရှင်တန် – မေ(၁၆)

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဒူလာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီး အာဆီယံဒေသတွင်း အရှေ့တောင်အာရှနိုင်ငံ တစ်ခုက ခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ်အဖြစ်ပွင့်လင်းတဲ့ တွေ့ဆုံမှု တစ်ရပ်ဖြစ်ခဲ့ပါတယ်။ 

ဆိုင်ဖူဒင်ရဲ့ တွစ်တာစာမျက်နှာမှာ ပြီးခဲ့တဲ့ စနေနေ့က ဖော်ပြထားတဲ့ အဲ့ဒီအစည်းအဝေးကို အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ နိုင်ငံ တို့အကြားကျင်းပတဲ့ နှစ်ရက်တာ ထိပ်သီးတွေ့ဆုံပွဲနဲ့ Sideline အနေနဲ့ ကျင်းပခဲ့တာပါ။ 

မြန်မာအာဏာသိမ်းစစ်ကောင်စီကတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နိုင်ငံတကာစေ့စပ်ညှိ နှိုင်းတာတွေမလုပ်ဖို့ ထပ်တလဲလဲပြောဆိုထားပီး စစ်ခေါင်းဆောင်က NUG အစိုးရကို အကြမ်း ဖက်အဖွဲ့အစည်းအဖြစ်လဲ တံဆိပ်ကပ်သုံးနှုန်းထားပါသေးတယ်။ 

“မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်လုပ်ဆောင်ဖို့ အဆင်သင့်ရပ်တည်ကြသည်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ရဲ့ တွစ်တာ စာမျက်နှာမှာရေးသားထားပါတယ်။

ဆိုင်ဖူဒင်ရဲ့ ပြောဆိုချက်အရ မလေးရှားအနေနဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ မြန်မာစစ်ဘေးရှောင်တွေအတွက် နည်းပညာသင်တန်းနဲ့ ပညာရေးစသဖြင့် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုအားနည်းမှုတွေအတွက်ဆွေးနွေးခွင့်ရခဲ့တယ်လို့ ဆိုထားပါတယ်။ 

မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ အမေရိကန်ပြည်ထာင်စုရဲ့ တာဝန်ရှိသူတွေနဲ့ NUG တာဝန်ရှိသူတွေတွေ့ဆုံတာနဲ့ပတ်သက်ပြီး ရှုတ်ချထားခဲ့သလို အတိုက်အခံအစိုးရနဲ့ စကားပြောဆိုတာတွေမလုပ်ဖို့လည်း အာဆီယံနိုင်ငံ တွေနဲ့ အမေရိကန်ကို တောင်းဆိုထားပါတယ်။ 

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံဘုံသဘောတူညီချက်(၅) ရပ်ကို အချိန်ကိုက် အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့တဲ့ အမေရိကန်-အာဆီယံ ပူးတွဲထုတ်ပြန်တဲ့ စာမျက်နှာ (၂၈) ခုပါ ပူးတွဲထုတ်ပြန်ချက်က စာတစ်ပုဒ်ကိုပယ်ချထားပါသေးတယ်။ 

စာပိုဒ်မှာ အသုံးပြုထားတဲ့ ဘာသာစကားဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့အကြံပြုထားတာဖြစ်ပြီး ဘုံသဘောတူညီချက်(၅) ရပ်ကို ကျော်လွန် တဲ့အဆိုပြုချက်ဖြစ်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝန်ဒီအာရှာမန်ဟက အားလုံးအကျုံး ဝင်တဲ့ ဒီမိုကရေစီသို့ဦးတည်တဲ့ မြန်မာ့လက်ကြောင်းတစ်ခုကို ပြန်လည်ရရှိရေး လုပ်ဆောင်နိုင် မယ့်အရာအားလုံးကို ထောက်ပံ့ကြောင်းပြသဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

Ref:The straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.