ကိဗ်ယက် – မေ(၁၅) 

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံစု G7 အဖွဲ့က ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး လနဲ့ချီကြာနေတဲ့ စစ်ပွဲအပြီး နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ပြောပါတယ်။ 

ဂျာမနီးနိုင်ငံမှာ ကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မိန့်ခွန်းပြောစဉ် သူက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

“သူတို့ရဲ့ ဆွေးနွေးမှုမှာ ကျွန်တော်တို့ ဝင်မစွက်ဖက်ပါဘူး ဒါပေမယ့် အီးယူက စည်းလုံးညီညွတ်မှု ဆက်ရှိနေမှာလား ဒါမှမဟုတ် ပြိုကွဲမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမယ့် အရေးကြီးတဲ့ အခိုက်အတန့်ပါပဲ” လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ပြောပါတယ်။ 

ရေနံရောင်းချမှု အပါအဝင်ရုရှားမှာ ပိုမိုကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှု အစီအစဉ်တွေကို တွန်းအားပေးလုပ်ဆောင်ဖို့ ဥရောပ သမဂ္ဂကိုလည်း တောင်းဆိုခဲ့ပြီး အဲ့ဒီအစီအစဉ်ကို ဟန်ဂေရီ ရဲ့ ဆန့်ကျင်မှုကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ သူကပြောပါသေးတယ်။ 

G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကူအညီပံ့ပိုးမှုတွေနဲ့ လက်နက်ပေးအပ်ဖို့ ဂျာမနီက ထောက်ခံ ခဲ့ပြီး ရုရှားကို ကမ္ဘာ့အသိုင်းအဝိုင်းက ဖယ်ကျန်မှုတွေကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်နိုင်မယ့် အင်အားကြီးတဲ့ စည်းလုံးညီညွတ်မှု လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံအတွက်လိုအပ်တဲ့ လက်နက်ထောက်ပံ့မှုတွေရှိပေမယ့် ယူကရိန်းအနေနဲ့ ဆက်လက် ထိန်း ထားနိုင်စေဖို့အတွက် မြောက်များစွာတဲ့ ဒုံးပျံပစ်လွှတ်မှုစနစ်တွေကို ပိုမိုလိုအပ်နေတာ ရှိနေတယ်လို့ ပြောပါတယ်။ 

ယူကရိန်းလယ်ယာထွက်ကုန်တွေတင်ပို့မှုကို ရုရှားက ပိတ်ဆို့ထားတယ်လို့ စွပ်စွဲထားပြီး G7 က ပိတ်ဆို့မှုကို ရုတ်သိမ်းဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ယူကရိန်းအနေနဲ့ ရုရှားကို ရန်လိုခြောက်ခြောက်တာလုံးဝမရှိပေမယ့် အရပ်သား တွေ ထောင်နဲ့ချီ သေဆုံးပြီး မြို့ကြီးတွေနဲ့ တခြားမြို့တွေကို ဖျက်ဆီးတာဟာ ရုရှားက ရန်လိုတဲ့ စစ်ပွဲကို ဆင်နွှဲ နေတယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။ 

“ကျွန်တော်တို့ ပြောနေတာက ဒေါ်လာ ဘီလီယံရာနဲ့ချီပြီး ရုရှားက ပေးရမယ်” လို့ ကူလီဘာ က အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.