ပြုံယမ်း – မေ(၁၅)

မြောက်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်-19 ကြောင့် သေဆုံးသူ(၆) ယောက်အထိရှိပြီး လူပေါင်း (၁၈၇၈၀၀) ဦး ကွာရန်တင်းဝင်နေရတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပြီး အဲ့ဒီသတင်း ရုပ်သံမှာ ကင်မ်ဂျုံအမ်ဟာ ပထမဆုံး အကြိမ်အဖြစ် နှာခေါင်းစည်း ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ 

ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို ငြင်းဆန်ထားတဲ့ မြောက်ကိုရီးယားမှာ ပထမဦးဆုံးကူးစက်မှုဖြစ်စဉ်ထွက်ပေါ်လာချိန်မှာ မြင့်တက်လာတဲ့ ပြည်သူ့ကျန်းမာရေးအကြပ်အတည်းနဲ့ သက်ဆိုင်တဲ့ ဝန်ခံချက်တွေကို ကျန်းမာရေးအာဏာပိုင်တွေက ရှားရှားပါးပါးထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ 

သေဆုံးမှုနှုန်းကြေငြာချက်ကို နိုင်ငံခေါင်းဆောင်ကင်မ်ဂျုံအန် နိုင်ငံရောဂါထိန်းချုပ်ရေး စင်တာကို သွားရောက်ပြီးချိန်မှသာ ထွက်ပေါ်လာတာဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်မီဒီယာ Korean Central News Agency က ပြောဆိုခဲ့ပါတယ်။ 

Korean Central News Agency  ရဲ့ သတင်းအစီရင်ခံမှုမှာ ကူးစက်မှု စတင်ဖြစ်ပွားရာနေရာဟာ နိုင်ငံရဲ့ မြို့တော်ဖြစ်နေတာနဲ့အတူ ဖျားနာတာတွေနဲ့ ကူးစက်မြန်နေပြီး အဲ့ဒီအခြေအနေဟာ ကပ်ဘေး ကာကွယ်ရေးစနစ်အတွင်းက ပျော့ကွက်တစ်ခုကို ဖော်ပြနေတာဖြစ်တယ်လို့ ကင်မ်က ပြောဆိုထားပါတယ်။ 

တချို့သော လေ့လာသုံးသပ်သူတွေက မြောက်ကိုရီးယားဟာ ဗိုင်းရပ်စ်ကို ရင်ဆိုဖို့ပြည်ပ က နိုင်ငံတကာအသိုင်းအဝိုင်းကို တံခါးမဖွင့်ပေးနိုင်ရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြီးမားတဲ့ အကြပ်အတည်းတစ်ရပ်ကို ဦးတည်သွားနိုင်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တဲ့ လူဦးရေ (၁၈၀၀၀) အပါအဝင် မြောက်ကိုရီးယားနိုင်ငံမှာ ဖျားနာနေတာ စစ်ဆေးတွေ့ရှိရတဲ့ (၃၅၀၀၀၀) ဦးအထိရှိနေပြီး (၁၆၂၂၀၀) ဦးကတော့ ပြန်လည် သက်သာလာခဲ့ပါတယ်။ 

လက်ရှိမှာတော့ မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေဆီကနေ ကိုဗစ်ကာကွယ်ဆေး လှူဒါန်းမှုတွေကို လက်ခံထားတာမရှိသေးပဲ တောင်ကိုရီးယားအာဏာ ပိုင်တွေအနေနဲ့ ကာကွယ်ဆေးအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေရဲ့ သံတမန်ဆက်ဆံရေးပြန်လည်စတင်ဖို့ ကူညီနိုင် လိမ့်မယ်လို့လည်း မျှော်မှန်းထားကြပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံက လူအများစုဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားတာ မရှိသလို လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ဘေးအန္တရာယ်ဟာ တခြားသောနိုင်ငံတွေထက်အကြီးအကျယ် ဆိုးရွား လာနိုင်ပြီး ပိတ်ဆို့အရေးယူမှုတွေနဲ့ သူတို့ရဲ့အဓိက ကုန်သွယ်ရေးမိတ်ဖက်ဖြစ်တဲ့ တရုတ်နဲ့ နယ်စပ်ကိုပိတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံ့စီးပွားရေးအပေါ်ပိုမိုဝန်ပိသွား တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ 

အမေရိကန် အိမ်ဖြူတော်သတင်းထောက် ဂျန်ပဆာရီကတော့ မြောက်ကိုရီးယားကို ကာကွယ်ဆေး မျှဝေရေးအစီအမံတွေ လက်တလော မှာ မရှိသေးဘူးလို့ ပြောဆိုထား ပါတယ်။ 

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာ ကပ်ဘေးကာလအတွင်း လူသားချင်းစာနာထောက်ထား မှုအကူအညီကို လက်မခံရေးဆိုတဲ့ သူတို့ရဲ့ မူဝါဒနဲ့ အတူ ပြည်သူတွေကို ခေါင်းပုံဖြတ်ကိုယ် ကျိုး ရှာနေတယ်လို့ ပြောဆိုထားထားပါတယ်။ 

Ref:New York Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.