ဝါရှင်တန် – မေ(၁၄) 

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြိုင်ဘက်တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် အရှေ့တောင် အာရှခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ သူတို့ရဲ့ အခြေခံအဆောက် အုံတွေ၊လုံခြုံရေး၊ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုနဲ့ တခြားလုပ်ဆောင်မှုတွေအတွက် အမေရိကန်ဒေါ်လာသန်း(၁၅၀) သုံးစွဲမယ်လို့ ကတိပေးခဲ့ပါတယ်။ 

မေလ(၁၂) ရက်နေ့က စတင်ပြီး ဝါရှင်တန်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နဲ့ နှစ်ရက်ကြာ အထူးထိပ်သီးအစည်းအဝေးကျင်းပနေပြီး အိမ်ဖြူတော်မှာ ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဌာနမှာ ဆွေးနွေးဖို့ရှိတယ်လို့လည်း သိရပါတယ်။ 

လက်ရှိအချိန်မှာ ယူကရိန်းစစ်ပွဲဖြစ်နေပမယ့် နိုင်ငံရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အင်ဒို – ပစိဖိတ်ဒေသနဲ့ တရုတ်ရဲ့ ရေရှည်စိန်ခေါ်မှုကို ဆက်လက်အာရုံစိုက်နေပြီး ကြိုးပမ်းမှုတွေက သက်သေပြနိုင်မယ်လို့ အမေရိကန်အစိုးရအဖွဲ့က မျော်လင့်ထားကြပါတယ်။ 

တရုတ်နိုင်ငံက ကိုဗစ်- 19 တိုက်ဖျက်ရေးနဲ့ လောင်စာဆီစီးပွားရေး ပြန်လည်ကောင်းမွန်လာစေဖို့ အတွက် သုံးနှစ်အတွင်း အာဆီယံနိုင်တွေအတွက် ဖွံ့ဖြိုးရေးအကူအညီ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ သုံးစွဲ သွားမှာဖြစ်တယ်လို့ ကတိပေးထားပါတယ်။ 

“အရှေ့တောင်အာရှမှာ ကျွန်တော်တို့ရဲ့ ကစားကွက်ကို မြှင့်တင်ဖို့ လိုပါတယ်၊အမေရိကန်နဲ့ တရုတ်ကြား ရွေးချယ်မှုတစ်ခုလုပ်ဖို့ နိုင်ငံတွေကို ကျွန်တော်တို့ တောင်းဆိုနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် အမေရိကန်က ပိုခိုင်မာတဲ့ ဆက်ဆံရေးကို ရှာဖွေနေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။” လို့ အမေရိကန် အကြီးတန်း အုပ်ချုပ်ရေး အရာရှိတစ်ဦးက သတင်းထောက် တွေကို ပြောခဲ့ပါတယ်။ 

ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်အသစ်မှာ ဒေသတွင်း ဓာတ်အားခွဲထုတ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ အခြေခံအဆောက်အုံတွေရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း(၄၀) နဲ့ ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာအတွက် သန်း(၆၀) အပြင် ကိုဗစ်နဲ့ တခြားအသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေအတွက် ကျန်းမာရေးရန်ပုံငွေအမေရိကန်ဒေါ်လာ (၁၅) သန်းနဲ့ ထပ်လောင်းရန်ပုံငွေအဖြစ် နိုင်ငံတွင်း ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ AI ဥပဒေဖွံ့ဖြိုးတိုးတက် အောင်ကူညီပေးဖို့လည်း ပါဝင်တယ်လို့ သူကပြောပါသေးတယ်။ 

အမေရိကန်အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဆီယံခေါင်းဆောင်ရှစ်ဦးအထိ တက်ယောက် ဖို့မျှော်မှန်းထားခဲ့ပြီး အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆိာင်ကိုဖယ်ထုတ်ခဲ့သလို ဖိလစ်ပိုင်ကလည်း ရွေးကောက်ပွဲဖြစ်စဉ်တွေလုပ်ဆောင်နေတဲ့အတွက် ရွေးကောက်ခံ သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာနဲ့ သီးခြားစကားပြောဆိုထားတာတွေရှိတယ်လို့ သိရပါတယ်။ 

အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆန်ရဲ့ အကြံပေးဖြစ်တဲ့ ကောင်ကင်ဟွန်း ကတော့ အမေရိကန် အနေနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးကို အလေးအနက်ထားဆောင်ရွက်မယ်ဆိုရင် ခေါင်း ဆောင်တွေကို အချိန်ပိုပေးသင့်တယ်လို့ ရိုက်တာ ကိုပြောခဲ့ပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရန့်က ဒေသတွင်းကုန်သွယ်ရေးသဘာတူညီချက်ကနေ နှုတ်ထွက် ပြီးနောက် ၂၀၁၇ ခုနှစ်မှာ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုဆိုင်ရာ အစီအစဉ်တွေကို အသေး စိတ်ဖော်ပြဖို့ အမေရိကန်ရဲ့ နှောင့်နှေးမှုတွေကြာင့် အာဆီယံနိုင်ငံတွေက စိတ်ပျက်တဲ့အခြေ အနေတွေနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။ 

Ref: CNA 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.