ဝါရှင်တန် – မေ(၁၃) 

မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေ ဖို့ကြိုးပမ်းရာမှာ အမေရိကန်က အရှေ့တောင်အာရှခေါင်းဆောင်တွေကို ပိုမိုကြီးမားတဲ့ စေ့စပ်ညှိနှိုင်း ရေး အခန်းကဏ္ဍမှာ အားစိုက်ပါဝင်စေလိုတယ်လို့ အမေရိကန်နိုင်ငံ အာရှဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦး က ပြောခဲ့ပါတယ်။ 

စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး နောက်မှာတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့အတွက် ပြီးခဲ့တဲ့ နှစ်က အာဆီယံဘုံသဘောတူညီ ချက်(၅) ချက်ချမှတ်ထားခဲ့ပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေက လိုက်နာဆောင်ရွက်တာ မရှိလို့ အာဆီယံထိပ်သီးအစည်းအဝေးကို စစ်အစိုးရကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ 

အမေရိကန်အစိုးရနဲ့ အာဆီယံခေါင်းဆောင်တွ ဝါရှင်တန်မှာ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံအပေါ် သံခင်း တမန်ခင်း ဆက်ဆံရေးကို ပိုမိုအားကောင်းစေမှာ ဖြစ်တယ်လို့ အမေရိကန် – အင်ဒို ပစိဖိတ်ဒေသ ဆိုင်ရာ ညှိနှိုင်းရေးမှူး ကာ့ထ် ကမ်းဘဲလ်က အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူမှာ ပြောခဲ့ပါတယ်။ 

“အာဆီယံအနေနဲ့ လက်ရှိအစိုးရနှင့် အတိုက်အခံတွေကိုပါ ရှေ့ခရီးလမ်းအတွက် ဘယ်လို ထိတွေ့ဆက်ဆံ ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှန်ကန်တဲ့ ပဏာမခြေလှမ်းတွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ကမ်းဘဲလ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင်အမေရိကန်ပြည်ထောင်စုအနေနဲ့ တခြားမိတ်ဖက်တွေနဲ့ လက်တွဲပြီး တက်ကြွတဲ့ အခန်းကဏ္ဍကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို မြန်မာနိုင်ငံအပေါ်နောက်ထပ်ခြေလှမ်းတွေအတွက် အရေးကြီး တဲ့ သံခင်းတမန်ခင်းမှာ အာဆီယံအနေနဲ့ ပိုပြီးနက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်စေလိုတယ်လို့လည်း သူကပြောပါသေးတယ်။ 

လက်ရှိအချိန်မှာ အာဆီယံ(၁၀) နိုင်ငံအစုအဖွဲ့က အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေဆီ အထူးသံတမန် တစ်ဦး ခန့်အပ်တာ အပါအဝင်း အကြပ်အတည်းအတွက်အရေးကြီးတဲ့ အစမျိုမှုတွေကို လုပ်ဆောင်နေပေမယ့် စစ်ခေါင်းဆောင်တွေက လိုက်နာဆောင်ရွက်တာမရှိသေးဘူးလို့ သိရပါတယ်။ 

ဆန္ဒပြန်မှုတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သွေးထွက်သံယိုဖြစ်မှုဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ကျင့်သုံးလေ့ရှိတဲ့ အာဆီယံအနေနဲ့ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နဲ့ တခြားစစ်ဘက်အရာရှိတွေကို ထိပ်သီးအစည်းအဝေးတွေမှာ ဖိတ်ခေါ်တာမရှိတဲ့ လုပ်ဆောင်ချက်ဟာ ပုံမှန်ထပ်ပိုတဲ့ အရေးယူမှုတွေဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံတွင်းမှာ နိုင်ငံရေးကျောထောက်နောက်ခံမပြုတဲ့ ကိုယ်စားလှယ်ကိုသာဖိတ်ကြားပြီး ထိပ်သီးအစည်း အဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ပါဝင်ပတ်သတ်မှုအပေါ်အာဆီယံရဲ့ ဦးဆောင်မှုကို လိုက်နာမယ်လို့ ကန်အစိုးရက ပြောထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.