ဖာပွန် ၊ မေ (၈)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဗျူဟာမှူး သစ်အဖြစ် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ တပ်မဟာ ၅ နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ ကျောက်ညှက် စခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ ၅ ရဲ့ ဗျူဟားမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့ရတာကြောင့် သူ့ရဲ့နေရာမှာ ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။



ဗိုလ်မှူးကြီးစောမော်ဒဲဟာ KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲရဲ့ ယုံကြည့်အားထားရသူဖြစ်ပြီး တိုက်ခိုက်ရေးမှာကျွမ်းကျင်သလို ကာကွယ်ရေးတပ်ရင်းမှူးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF ပူးပေါင်တပ်တွေအကြား နှစ်ဖက် စစ်ရေး ပိုမို တင်းမားနေတာပါ။

ဖာပွန်ခရိုင်မှာတော့ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း နှစ်ဖက်တိုက်ပွဲ အကြိမ် ၃၈၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အယောက် ၁၇၀ ကျော် သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.