ဘန်ကောက် – မေ(၇) 

ထိုင်းတယ်လီကွန်ဈေးကွက်ဦးဆောင်သူ Advanced Info Service (AIS) ဟာ True လုပ်ငန်းစုနဲ့ Total Access Communication (Dtac) တို့ရဲ့ ပူးပေါင်းမှုကြောင့် ယှဉ်ပြိုင်မှုတွေဖြစ်ပေါ်လာချိန် မှာ သူတို့ရဲ့ ပုံမှန်အနေအထားကို ကာကွယ်သွားမှာဖြစ်ပြီး True- Dtac ပူးပေါင်းတာကို လူထုရဲ့ စိတ်မကျေနပ်မှုအခြအနေကြောင့် AIS ကုမ္ပဏီအနေနဲ့ အနိုင်ရသွားလိမ့်မယ်လို့ CEO က ပြောခဲ့ပါတယ်။ 

Merger ပေါင်းစည်းမှုဟာ ယဉ်ကျေးမှုတွေနဲ့ နည်းပညာဆိုင်ရာ ချို့ယွင်းချက်တွေကြာင့် သုံးစွဲသူ တွေအခက်အခဲဖြစ်စေတယ်လို့ ပြောဆိုထားပြီး အဲ့ဒီလုပ်ငန်းစု တွေရဲ့ အသုံးပြုသူ စုစုပေါင်းရဲ့ ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုးအထိ ပြန်လည်ရောက်ရှိလာတယ်လို့ ခန့်မှန်းချက်တွေအရ သိရပါတယ်။ 

“ဒါကြောင့်မို့လို့ ကွန်ရက်ဖွံ့ဖြိုးရေးတွေမှာ ကျွန်ုပ်တို့ ရင်းနှီးမြှုပ်နှံတာဖြစ်တယ်။ ဘာ ကြောင်လဲ ဆိုတော့ ကျနော်သိထားတဲ့ အဆုံးသတ်မှုက အသုံးပြုသူတွေအနေနဲ့ အားကောင်းပြီး စမတ်ကျ တဲ့ ကွန်ရက်ကို ထောက်ပံ့ပေးနိုင်တဲ့ ကုမ္ပဏီကိုသာ ရွေးချယ် သွားမှာမို့လို့ပါပဲ” လို့ CEO ဆုမ်ချိုင် လာတ်ဆူတီဝန် ကပြောပါတယ်။ 

အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်တဲ့ Thailand 4.0 အတွက် ဒစ်ဂျစ်တယ် ဆိုင်ရာ ပြုပြင်မွမ်းမံမှုဟာ အဓိက ကျတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် AIS  ဟာ 5G ဆိုင်ရာ အခြေခံအဆောက်အအုံအတွက်ရင်းနှီးမြှုပ်နှံမှုကို အများဆုံးဦးတည်ထားတယ် လို့ သိရပါတယ်။ 

 စျေးကွက်အတွင်းမှာ True နဲ့ Dtac ဟာ ဒုတိယနဲ့ တတိယအကြီးဆုံးသုံးစွဲသူများတဲ့ ကုမ္ပဏီတွေ ဖြစ်ကြပြီး 5G ကူးပြောင်းရေးအတွက် သူတို့ရဲ့ လုပ်ငန်းစု နှစ်ခု ပေါင်းတာဖြစ်တယ်ို့ သိရပါ တယ်။ 

ပြီးခဲ့တဲ့ လက True နဲ့ Dtac တို့ရဲ့ သက်ဆိုင်သူတွေဟာ ပေါင်းစည်းရေးကို အတည်ပြုခဲ့ကြကာ ကုမ္ပဏီတွေဟာ အဲ့ဒီလုပ်ငန်းစဉ်ကို တတိယသုံးလပတ်အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ထား ကြပြီး သုံးစွဲသူတွေစိတ်ဝင်စားမှုမရှိတဲ့ အဲ့ဒီအပေးအယူကို ရပ်တန့်ဖို့ ထိုင်ငံနိုင်ရဲ့ တယ်လီကွန် ဥပဒေပြုရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားရုပ်သံထုတ်လွှင့်ခြင်းနှင့် တယ်လီကွန်ဆက်သွယ်ရေး ကော်မရှင် National Broadcasting and Telecommunications Commission (NBTC) ဆီက က အာဏာပိုင်တွေကတောင်းဆိုထားပြီးတဲ့နောက်မှာတော့ ပူးပေါင်းရေးဆိုင်ရာ သဘာတူညီချက် ဟာလည်း မရေရာတဲ့အခြအနေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

သူစွဲသူ ၄၀.၁ မီလျံရှိတဲ့ AIS ဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး အော်ပရေတာ တစ်ခု ဖြစ်ပြီး True နဲ့ Dtac တို့ပေါင်းစည်းလိုက်မယ်ဆိုပါက သုံးစွဲသူ ၅၁ မီလျံလောက်ထိ ရောက်ရှိသွားနိုင်တယ်လို့ သိရပါတယ်။ 

လုပ်ငန်းတွေစုပေါင်းလိုက်တဲ့အတွက် စျေးကွက်ထဲမှာ သုံးစွဲသူတွေအနေနဲဲ့ ၂၀ ရာခိုင်နှုန်း လောက်အထိမြင့်မားတဲ့ နှုန်းထားတွေကြုံတွေ့ရနိုင်ပြီး တယ်လီကွန်လုပ်ငန်း ၄ ခုကနေ ၃ ခုအထိလျော့ကျသွားနိုင်တယ်လို့ ဗြိတိန် လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ 

ဆုမ်ချိုင်ဟာ NBTC ကိုသူ့ရဲ့  စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အဲ့ဒီပေါင်းစည်းမှုဟာ လက်ဝါးကြီးအုပ်စိုးမှုဆန့်ကျင်ရေး ဥပဒေကို ချိုးဖောက်ရာရောက်တဲ့အပြင်သုံးစွဲသူတွေအတွက် အကျိုးတစုံတစရာမရှိဘူးလို့ ပြောဆိုထားပေမယ့် Merger ကိုဥပဒေအရ အရေးယူဖို့ တိုင်တန် သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

AIS ရဲ့ ပြောဆိုချက်တွေအရ ကုမ္ပဏီအနနဲ့ ထိုင်နိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်းကို 5G ကွန်ယက် ဖြန့်ကျက် ထားနိုင်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ၈၅ ရာခိုင်နှုန်းအထိတိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ် ထားတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံရဲ့ အရှေ့စီးပွားရေး စင်္ကြန်မှာ AIS က 5G အခြေခံအဆောက်အအုံတည်ဆောက်ဖို့ ဘတ် ၄၅ ဘီလျံကို ရင်းနှီးမြုပ်နှံထားတယ်လို့ သိရပါတယ်။ 

Ref:nikkeiasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.