A health worker prepares a syringe with Sputnik V coronavirus disease (COVID-19) vaccine at Makati Coliseum, in Makati, Philippines, May 4, 2021. REUTERS/Eloisa Lopez/File Photo

မနီလာ – မေ(၄)

သက်တမ်းကုန်ဆုံးဖို့နီးကပ်နေပြီဖြစ်တဲ့ စပွတ်နဒ် ဗီ Covid-19 ကာကွယ်ဆေးအလုံရေငါးသန်း ကိုဖီလစ်ပိုင်းနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းဖို့ စီစဉ်နေတယ်လို့ အကြီးတန်းကျန်းမာရေး အရာရှိ တစ်ယောက်က ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောခဲ့ပါတယ်။ 

ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့လူဦးရေသန်း(၁၁၀) အတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ ကြိုးစားခဲ့ပြီး အခုချိန်မှာတော့ ပထမဆုံးအကြိမ်တခြားနိုင်ငံကို လှူဒါန်းမှုပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

အာဏာပိုင်တွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းကတဆင့် ရုရှားထုတ် ကာကွယ်ဆေးလှူဒါန်းဖို့ ကြိုးစားနတယ်လို့ ကျန်းမာရေးလက်ထောက်အတွင်းရေးမှူးမာရီယာရိုဆာရီယို ဗာဂျီရီက အစိုးရရဲ့ ပုံမှန်ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ 

ကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ မြန်မာနိုင်ငံရဲ့ လူဦးရေ (၅၃) သန်းရဲ့ ထက်ဝက်ကျော်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကမောက်ကမဖြစ်နေပြီး မြန်မာနိုင်ငံမှာ ကာကွယ်ဆေးနှစ်ကြိမ် သာရရှိထားတယ်လို့ သိရပါတယ်။ 

အာရှမှာ အဆိုးရွားဆုံးသော ကိုဗစ် – 19  အကြပ်အတည်းကို ရင်ဆိုင်တိုက်ဖျက်ခဲ့ရတဲ့ ဖိလစ်ပိုင်မှာ ကာကွယ်ဆေး ထိုးထားသူ (၆၇.၉) သန်းနီးပါးရှိတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်နဲ့ပတ်သက်ပြီး အထောက်အပံ့တွေ ပိုလျှံစွာရှိနေတယ်လို့လည်း ကျန်းမာရေးအရာရှိတွေက ဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.