ဆိုလ်း ၊  မေ (၄)

တောင်ကိုရီးယားရဲ့ စားသုံးသူငွေကြေးဖောင်းပွမှုဟာ  ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ မြန်ဆန်လာပြီး ဧပြီလမှာ ၁၃ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားကာ ယခုနှစ် ဗဟိုဘဏ် အတိုးနှုန်း ပိုမိုတိုးလာရန်အတွက် ငွေချေးစာချုပ်ဈေးကွက် အခွင့်အလမ်းတွေကို မြှင့်တင်ပေးခဲ့ပါတယ်။

ကိုရီးယားမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ စားသုံးသူဈေးနှုန်းအညွှန်းကိန်းဟာ ဧပြီလအတွင်း ၄.၁ ရာခိုင်နှုန်းမှ ၄.၈ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

ကိုရီးယားဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုအချက်အလက်တွေကို သုံးသပ်ဖို့အရာရှိတစ်ချို့ ပါဝင်သော အတွင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ဘဏ်ရဲ့ လက်ထောက်အုပ်ချုပ်သူအရာရှိက ငွေကြေးဖောင်းပွမှု မျှော်မှန်းချက်ကို စီမံခန့်ခွဲဖို့အတွက် အာဏာပိုင်တွေရဲ့ လိုအပ်ချက်ကို ဖိအားပေး ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားဗဟိုဘဏ်က  ပြီးခဲ့သောလအတွင်းမှာ ၎င်းရဲ့ အခြေခံအတိုးနှုန်းကို ၁.၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ပြီး ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန်အတွက် အံ့ဩစရာကောင်းသည့် အပြောင်းအရွှေ့ တစ်ခုဖြစ်ခဲ့ပါတယ်။

ဝင်ငွေမြင့်မားသောနိုင်ငံရှိ ပထမဆုံးဗဟိုဘဏ်တစ်ခုအဖြစ် လွန်ခဲ့သောနှစ် ဩဂုတ်လမှာ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒတင်းကျပ်မှု အခြေအနေတစ်ရပ်ကို စတင်လိုက်ချိန်ကတည်းက တောင်ကိုရီးယားဘဏ်က အခြေခံနှုန်းထားရဲ့ လေးဆထိ တိုးလာခဲ့ခြင်းဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.