ဘာလင် – မေ(၄)
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနနေနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ငြိမ်းချမ်းရေးသဘာတူညီချက်မရမချင်း ရုတ်သိမ်းမှာ မဟုတ်ဘူး လို့ ဂျာမန်အဓိပတီ အိုလက်ဖ်ရှိဖ့်က ပြောပါတယ်။
ရုရှား သမ္မတ ဗလာဒီမာပူတင်းဟာ ယူကရိန်းနယ်မြေတွကို သိမ်းပိုက်နိုင်တဲ့အချိန်မှ စစ်ပွဲအဆုံး သတ်ကြေညာပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့ပေးမှာဖြစ်တယ် လို့ လွဲမှားပြီးတွက်ချက်ထားတယ်လို့ အများပြည်သူပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ အင်တာဗျူး မှာ သူကပြောခဲ့တာပါ။
“သူ့ရဲ့ ယူကရိန်းစစ်ဆင်ရေး တစ်ခုလုံးကို သူ မထင်ခဲ့ဘူး၊ ယူကရိန်းက ဒီလို တွန်းလှန်လိမ့်မယ်၊ ဒီလိုအချိန်အကြာကြီး ထိန်းထားနိုင်ဖို့ ကျွန်ုပ်တို့၏ ထောက်ခံကူညီမှု ပေးလိမ့်မယ်လို့ သူမထင် ထားပါဘူး၊ တစ်ဖက်သတ် ပြဌာန်းချက်တွေနဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့လည်း လက်သင့်ခံမှာ မဟုတ်တဲ့အပြင် ယူကရိန်းနဲ့ သဘောတူညီမှု မရသေးဘူးဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာ မဟုတ်ပါဘူး” လို့ ဂျာမန်အဓိပတိ အိုလက်ဖ်ရှိဖ့်က ပြောပါတယ်။
ခရိုင်းမီးယားကို ရုရှားရဲ့ သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး ဂျာမနီက လက်ခံမှာ မဟုတ်ကြောင်းနဲ့ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း သူကပြောပါသေးတယ်။
ဂျာမနီအနေနဲ့ ယူကရိန်းကို လက်နက်ကြီးတွေပေးပို့ဖို့ တုံ့ဆိုင်းတာတွေဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှု တွေကိုပယ်ချခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က လေယာဉ်ပစ်တင့်ကားတွေ ယူကရိန်းကို လွှဲပြောင်း ပေးမယ်လို့ ကြေညာခဲ့ပြီးနောက်မှာပဲ စစ်ဆန့်ကျင်ရေးသမားတွေရဲ့ ဝေဖန်မှုတွေထွက်ပေါ်လာပါ တယ်။
တစ်စုံတစ်ယောက်က ဝေဖန်ပြောဆိုနေတာနဲ့ပတ်သက်ပြီး တစုံတခုပြုလုပ်ဖို့ သတ်မှတ်ချက် ပေးဖို့ မလိုကြောင်းနဲ့ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့အတွက် အဓိပတိမှာ တာဝန်ရှိတယ်လို့လည်း အင်တာဗျူးမှာ ပြောထားပါတယ်။
ယူကရိန်းနိုင်ငံကို တင်ကား၊ဟောင်ဝစ်ဇာလို လက်နက်ကြီးတွေထောက်ပံ့ဖို့နဲ့ ပူတင်းကို စစ်ပွဲ အတွက်ငွေကြးသုံးစွဲမှု အခက်တွေ့စေဖို့ ရုရှားစွမ်းအင်းတင်သွင်းမှုအပေါ် အီးယူက ပိတ်ဆို့ အရေးယူမှုတွေပြုလုပ်ဖို့အတွက် နိုင်ငံတိုင်းမှာ ဖိအားရှိနေတဲ့အခြေအနေလို့ သိရပါတယ်။
Ref: CNA