ကိုလံဘို ၊ မေ (၃)
သီတင်းပတ်များကြာသည့်တိုင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်း ရပ်တန့်သွားမယ့် အရိပ်အယောင်တောင် မမြင်ရတဲ့အတွက် သီရိလင်္ကာနိုင်ငံ စီးပွားရေးမြို့တော် ကိုလံဘိုမှာ ထောင်နှင့်ချီသော သီရိလင်္ကာ အတိုက်အခံ ပါတီ ထောက်ခံသူများက တနင်္ဂနွေနေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
သမ္မတ ဂေါ်တာဘရာ ရာဂျာပါစကာ အစိုးရမှ အခွန်ဖြတ်တောက်မှုများနှင့် ကပ်ရောဂါကြောင့် သီရိလင်္ကာရဲ့ စီးပွားရေးဟာ ပြင်းထန်စွာထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဆေးဝါးတင်သွင်းမှု၊ အစားအစာများနှင့် လောင်စာဆီပေးချေမှုများအတွက် ရုန်းကန်နေရသော လူပေါင်း ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်င်ငံဟာ နိုင်ငံခြားအရန်ငွေများ လျော့နည်းလာသည့်အတွက် ရံဖန်ရံခါ ပြင်းထန်သည့် ဆန္ဒပြပွဲများဖြင့် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တွင် အတိုက်အခံပါတီများသည် အလယ်ပိုင်း ကန်ဒီဒေသ မှ တစ်ပတ်ကြာ ချီတက်မှုကို အဆုံးသတ်ခဲ့ပြီး ကိုလံဘိုရဲ့ လွတ်လပ်ရေးရင်ပြင်မှာ ထောင်ပေါင်းများစွာသော ထောက်ခံသူများက စုရုံးခဲ့ကြပါတယ်။
အများစုကတော့ သီရိလင်္ကာအလံများ ကိုင်ဆောင်ကာ “Gota Go Home” ဟူသည့် စာတန်းပါ ခေါင်းစည်းများ ဝတ်ဆင်ကာ ဆန္ဒပြပွဲများကို ကြွေးကြော်ခဲ့ကြပါတယ်။
“လူတော်တော်များများဟာ လောင်စာဆီနဲ့ အစားအသောက်စရိတ်တွေကို ဒုက္ခရောက်နေကြရပါတယ်။ အရာအားလုံးအတွက်ကို တန်းစီစောင့်ဆိုင်းနေကြရပါတယ်” လို့ ၂၀၁၉ ခုနှစ်က သမ္မတရွေးကောက်ပွဲမှာ ရာဂျာပါစကာ ကို မဲပေးခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် တက္ကသိုလ်ကထိက က ပြောကြားခဲ့ပါတယ်။
.
ရာဂျာပါစကာ သည် ယခုလအစောပိုင်းတွင် ၎င်း၏ အစိုးရအဖွဲ့မှ အဖွဲ့ဝင်အတော်များများ နှုတ်ထွက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ယခု သီတင်းပတ်နှောင်းပိုင်းတွင် ၎င်း၏ ပြုပြင်ပြောင်းလဲရေး အစိုးရဟာ အယုံအကြည်မရှိသော မဲပေးရွေးချယ်မှု ဖြစ်နိုင်ခြေနှင့် ရင်ဆိုင်နေရပါတယ်။
.
ရာဂျာပါစကာနဲ့ ၎င်းရဲ့ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ် မဟင်ဒါ ရာဂျာပါစကာ တို့က ရာထူးမှနုတ်ထွက်ရန် ငြင်းဆိုခဲ့ကြပြီး သမ္မတ ဦးဆောင်သော စည်းလုံးညီညွတ်သော အစိုးရတစ်ရပ်ကမ်းလှမ်းမှုကို အတိုက်အခံများက ပယ်ချထားခဲ့ပါတယ်။
Ref: Reuters