တိုကျို – မေ(၃) 

ဂျပန်ဝန်ကြီးချုပ်ဖူမီအို ကီရှီဒါ ရဲ့ ထိုင်းနိုင်ငံကို (၉) နှစ်အကြာမှာ ပထမဆုံး တရားဝင်အလည် အပတ်ခရီးစဉ်မှာ ထိုင်း-ဂျပန် ဆက်ဆံရေးတည်တံ့ရေးကို ကူညီနိုင်ရုံသာမက ကုန်သွယ်ရေးနှင့် ရင်းနီးမြှုပ်နှံမှုကိုလည်း မြှင့်တင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုမျာ နားလည်မှုစာချွန်လွှာတွေနဲ့ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၁၃၅) နှစ်မြောက်နှစတ်ပတ်လည်နေ့မှာ ခိုင်မာတဲ့ သံတမန်ဆက်ဆံရေး ကို ပိုမိုခိုင်မာစေဖို့ ဒေသတွင်းအဓိက အရေးကိစ္စတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရေး မငြိမ်သက် မှုဖြစ်တာနဲ့ပတ်သက်ပြီး ဂျပန်ခေါင်းဆောင်က ရပ်တည်ဖို့ မျှော်လင့်ထားတယ်လို့ Prajadhipok အင်စတီကျူးရှင်း နိုင်ငံရေးနှင့် အုပ်ချုပ်မှုပညာ ကောလိပ်ဒါရိုက်တာ မစ္စတာ Chaiwat က ပြောပါတယ်။ 

ဒေသန္တရနည်းဗျုဟာတွေအရ ဂျပန်ဟာ သူတို့ရဲ့ အင်ဒိုပစိဖိတ်မူဝါဒအတွက် Apec အစည်းအဝေး လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံက အထောက်အပံ့တွေလိုအပ်နေတယ်လို့လည်း သူကပြောပါသေး တယ်။ 

ဂျပန်ဝန်ကြီးချုပ်ဟာ ထိုင်ငံကို လာရောက်လည်ပတ်မှုမတိုင်ခင်မှာလည်း ဗီယက်နမ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို သွားရောက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စက်ရုံတချို့ကို ဗီယက်နမ်ကို ပြောင်းရွှေ့လိုက်ပေမယ့် အာဆီယံစျေးကွက်မှာ ဂျပန်ဟာ ကားထုတ်လုပ်ရေးနဲ့ အိမ်သုံး ပစ္စည်းထုတ်လုပ်တာတွေအတွက် အမြင့်ဆုံးရင်းနီီးမြှုပ်နှံမှုပမာဏ ကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.