ဟနွိုင်း – မေ(၃) 

ဗီယက်နမ်းနိုင်ငံရဲ့ အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ ကျောက်မီးသွေးစျေးမြင့်တက်လာမှု နဲ့ အတူ လျှပ်စစ်ဓါတ်အားပေးစက်ရုံရဲ့ ထုတ်လုပ်မှုတွေလျှေ့ချနေရတဲ့အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။

ဟနွိုင်းမြို့အပါအဝင်ဗီယက်နမ်မြောက်ပိုင်းအတွင်းပူပြင်းခြောက်သွေ့မှုတွေဖြစ်ပေါ်နေတဲ့ အတွက် တစ်နှစ်တာအတွင်း လျှပ်စစ်ဓါတ်အားရလိုမှုမြင့်တက်လာတဲ့အတွက် ဓာတ်အားကို ချွေတာသုံးဖို့အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။ 

ဗီယက်နမ်ဟာ တခြားသောစွမ်းအင်အရင်းအမြစ်တွေထက် ပိုမိုစျေးပေါတဲ့ ကျောက်မီးသွေး ကို မှီခိုနေရတာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံဟာ လျှပ်စစ်ဓာတ်အားရဲ့ ထက်ဝက်ကျော်ပမာဏ ကို လောင်စာမှထုတ်လုပ်ရရှိပြီး ကျန်ရှိတဲ့ (၃၀) ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ရယူကာ ကျန် တာတွေကို သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်မဟုတ်သော အသစ်ဖြစ်ပေါ်သောစွမ်းအင် အရင်း အမြစ်တွေက ရယူတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြည်တွင်းနဲ့ နိုင်ငံခြားကျောက်မီးသွေးတွေဟာ လွန်ခဲ့တဲ့လအနည်းငယ်ထဲက ဝယ်ယူဖို့ ခက်ခဲ့လာ ပြီး ဖေဖော်ဝါရီနဲ့ မတ်လအတွင်း ကိုဗစ်ကူးစက်မှုကြောင့် ဗီယက်နမ်းမြောက်ပိုင်းမှာ ကျောက်မီး သွေး တူးတဲ့လုပ်ငန်းတွေရပ်နားထားရသလို ယူကရိန်းစစ်ပွဲကြောင့်လဲ ကျောက်မီးသွေးသွင်းယူ မှုစျေးနှုန်းတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

ဗီယက်နမ်ရဲ့ နိုင်ငံပိုင် လျှပ်စစ်ဓါတ်အား ကုမ္ပဏီသဟာ အစိုးရဖိအားတွေကြောင့် ဒီနှစ်မှာ စျေးနှုန်းမြင့်တက်ဖို့လုပ်ဆောင်မှာမဟုတ်ပေမယ့် လွတ်လပ်တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်သူ တွေကတော့ သူတို့ရဲ့ အမြတ်အစွန်းလျော့ပါးမှုဖြစ်နေတဲ့အတွက် ဓာတ်အားထုတ်လုပ်ဖို့ တွန့်ဆုတ်တာတွေရှိနေပါတယ်။ 

ဗီယက်နမ်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် (၁၀) ရာခိုင်နှုန်းအထိမြင့်တက်လာဲ့ပြီး အဓိက မြို့ကြီးတွေမှာ ဓာတ်အားပြတ်တောက်မှုတွေ နဲ့ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။ 

အထူးစီးပွားရေးလုပ်ငန်းတွေနဲ့အတူ ဗီယက်နမ်းနိုင်ငံဟာ ၂၀၅၀ ပြည့်နှစ်မှာ အသားတင် ကာဗွန်သုံးစွဲတာတာကျဆင်းဖို့ရည်ရွယ်ထားပေမယ့် အစိုးရကတော့ ကျောက်မီးသွေးအပေါ် မှီခို အားထားမှုကိုလျှော့ချဖို့လုပ်ဆောင်ထားတာတော့မတွေ့ရပါဘူး။ 

စက်ရုံသတင်းအရင်းမြစ်တွေရဲ့ပြောဆိုချက်တွေအရတော့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု တွေဟာ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ပြောဆိုထားပါတယ်။ 

ဗီယက်နမ်နိုင်ငံရဲ့ PDP8 လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေးအစီအမံကို ၂၀၂၁ ခုနှစ်ကနေ ၂၀၃၀ အထိ ဆက်လက်သက်တမ်းတိုးဖို့ ဆွေးနွေးနေဆဲဖြစ်ပြီး စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု တွေအတွက် တည်ရှိဆဲအစီအမံတွေဟာ အချိန်ဇယားနောက်ကျနေတယ်လို့ သိရပါတယ်။ 

Ref:Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.