Radio Than Lwin Times(Episode 2/5)
Sound Cloud Link
Sound Cloud Link
မော်လမြိုင် ၊ မေ (၃) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ကာလအတွင်း သွင်းအားစု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဓာတ်မြေသြဇာ အပါအဝင် စက်သုံးဆီတွေ ဈေးနှုန်းဆက်လက် မြင့်တက်နေတာကြောင့် အခုနှစ်ရာသီမှာ မိုးစပါး စိုက်ပျိုးဖို့ အခက်အခဲ ရှိနေတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။ သွင်းအားစု ကုန်ပစ္စည်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေး တန်ဖိုး ဆက်တိုက်ကျဆင်းလာတာနဲ့…
ရန်ကုန် ၊ မေ (၃) နိုင်ငံတဝန်းမှာ ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးတာကြောင့် လူနေအိမ် ၃၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်းက လူနေအိမ် ၂၅၀၀ ကျော်နဲ့ မကွေးတိုင်းမှာတော့ လူနေအိမ် ၉၅၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။…
ကိုလံဘို ၊ မေ (၃) သီတင်းပတ်များကြာသည့်တိုင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်း ရပ်တန့်သွားမယ့် အရိပ်အယောင်တောင် မမြင်ရတဲ့အတွက် သီရိလင်္ကာနိုင်ငံ စီးပွားရေးမြို့တော် ကိုလံဘိုမှာ ထောင်နှင့်ချီသော သီရိလင်္ကာ အတိုက်အခံ ပါတီ ထောက်ခံသူများက တနင်္ဂနွေနေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ ဂေါ်တာဘရာ ရာဂျာပါစကာ အစိုးရမှ အခွန်ဖြတ်တောက်မှုများနှင့် ကပ်ရောဂါကြောင့် သီရိလင်္ကာရဲ့ စီးပွားရေးဟာ…
တိုကျို – မေ(၃) ဂျပန်ဝန်ကြီးချုပ်ဖူမီအို ကီရှီဒါ ရဲ့ ထိုင်းနိုင်ငံကို (၉) နှစ်အကြာမှာ ပထမဆုံး တရားဝင်အလည် အပတ်ခရီးစဉ်မှာ ထိုင်း-ဂျပန် ဆက်ဆံရေးတည်တံ့ရေးကို ကူညီနိုင်ရုံသာမက ကုန်သွယ်ရေးနှင့် ရင်းနီးမြှုပ်နှံမှုကိုလည်း မြှင့်တင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုမျာ နားလည်မှုစာချွန်လွှာတွေနဲ့ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၁၃၅) နှစ်မြောက်နှစတ်ပတ်လည်နေ့မှာ…
ဟနွိုင်း – မေ(၃) ဗီယက်နမ်းနိုင်ငံရဲ့ အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ ကျောက်မီးသွေးစျေးမြင့်တက်လာမှု နဲ့ အတူ လျှပ်စစ်ဓါတ်အားပေးစက်ရုံရဲ့ ထုတ်လုပ်မှုတွေလျှေ့ချနေရတဲ့အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။ ဟနွိုင်းမြို့အပါအဝင်ဗီယက်နမ်မြောက်ပိုင်းအတွင်းပူပြင်းခြောက်သွေ့မှုတွေဖြစ်ပေါ်နေတဲ့ အတွက် တစ်နှစ်တာအတွင်း လျှပ်စစ်ဓါတ်အားရလိုမှုမြင့်တက်လာတဲ့အတွက် ဓာတ်အားကို ချွေတာသုံးဖို့အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။ ဗီယက်နမ်ဟာ တခြားသောစွမ်းအင်အရင်းအမြစ်တွေထက် ပိုမိုစျေးပေါတဲ့ ကျောက်မီးသွေး ကို မှီခိုနေရတာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံဟာ…
ထားဝယ် ၊ မေ (၃) တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ကျေးရွာ ၈၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီး မကြာခင်မှာ မြို့ပေါ်တွေအထိ နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်တော့မယ်လို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ထားဝယ်မြို့နယ်မှာတော့ ကျေးရွာပေါင်း ၁၀၀ ကျော် ရှိနေတာ ဖြစ်ပြီး အဲဒီထဲက ကျေးရွာပေါင်း ၈၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားတာ ဖြစ်ပါတယ်။…
ရန်ကုန် ၊ မေ (၃) အာဏာသိမ်း စစ်ကောင်စီဟာ တပ်ဘက်က စစ်ဆရာဝန်တွေနဲ့ သူနာပြု ၁၀၀ ကျော်ကို အရပ်ဘက်ဆေးရုံတွေကို ပြောင်းရွှေ့ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်မှာ အမည်စာရင်း တောင်းခံလာတယ်လို့ တပ်မတော်ဆေးတက္ကသိုလ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ကျန်းမာရေးဝန်ထမ်းတွေ လစ်လပ်နေတဲ့ ဆေးရုံတွေမှာ စစ်ဆရာဝန်နဲ့ သူနာပြုတွေ တွဲဖက်ပြောင်းရွှေ့ခန့်အပ်ဖို့ အမည်စာရင်း တောင်းခံလာတာ ဖြစ်ပါတယ်။…
ပုလော ၊ မေ (၃) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူ ၁၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျောင်းနိမ့်ကျေးရွာကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး…