နယူးဒေလီ – မေ(၂) 

တရုတ်နိုင်ငံရဲ့ အကြီးစားစမတ်ဖုန်းကုမ္ပဏီ (Xiaomi) ဟာ ဥပဒေနဲ့မညီတဲ့ ငွေလွှဲပြောင်းမှု ပြုလုပ်ခဲ့တာတွေ တွေ့ရှိခဲ့ပြီးနောက် အိန္ဒိယအစိုးရက (Xiaomi) ပိုင်ဆိုင်တဲ့ငွေစာရင်းထဲက အမေရိကန်ဒေါ်လာ (၇၂၅)မီလျံ ဒဏ်ငွေရိုက်ခဲ့တယ်လို့ AFP သတင်းတွေအရ သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီက ဖေဖော်ဝါရီလအတွင်းမှာ  ဒီကုမ္ပဏီကို စုံစမ်းစစ်ဆေးရာမှာ နိုင်ငံခြားငွေစာရင်း ၃ ခုကို လွှဲပြောင်းခဲ့တဲ့ အထောက်အထားတွေ တွေ့ခဲ့တဲ့အတွက် အိန္ဒိယက ဒဏ်ငွေရိုက်ခဲ့တာ ဖြစ်ပါတယ်။ 

“ဒီအကြီးစား ငွေလွှဲတာဟာ မူပိုင်ခ ပေးချေတာလို့ အမည်ပေးပြီး သူတို့တရုတ်နိုင်ငံ အခြေစိုက် အစုအဖွဲ့တွေကို လွှဲပြောင်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်” လို့ အရေးယူမှုဆိုင်ရာ ညွှန်ကြားရေးအရာရှိက သတင်းထုတ်ပြန်ချက်တရပ်မှာ ပြောကြားခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလကလဲ ၀င်ငွေခွန် ရှောင်တိမ်းတာဆိုတဲ့ စွပ်စွဲချက်နဲ့ ရှောင်မီ၊ ဟွာဝေး အပါအဝင် အိန္ဒိယအခြေစိုက် တခြားစမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီရုံးတွေကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ 

အခုကိစ္စနဲ့ပက်သက်ပြီးတော့ AFP အနေနဲ့ ရှောင်းမီဘက်ကို မှတ်ချက် တစုံတရာပေးဖို့ တောင်းဆိုခဲ့ရာ ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။ 

၂၀၂၀ ခုနှစ်အတွင်း ဟိမဝန္တာနယ်စပ် အငြင်းပွားချိန်ကတည်းက နယူးဒေလီနဲ့ ဘေဂျင်းအစိုးရအကြား ဆက်ဆံရေးမှာ ကျဆင်းသွားခဲ့တယ်။ အဲ့နောက်မှာ တရုတ်ဆန့်ကျင်ရေး ကြီးထွားခဲ့ကာ တရုတ်ကုန်ပစ္စည်းတွေအပေါ် ဆန့်ကျင်ဆန္နပြခဲ့ကြပါတယ်။ 

အဲ့အပြင် အိန္နိယနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း တရုတ်နိုင်ငံရဲ့ အောင်မြင်နေတဲ့ လူမှုကွန်ယက် အပလီကေးရှင်းတစ်ခု ဖြစ်တဲ့ Tiktok ဆော့ဝဲ့အပါအဝင် အပလီကေးရှင်း ရာနဲ့ချီ ပိတ်ဆို့ခဲ့ပါတယ်။ 

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.