ကွာလာလာမ်ပူ – မေ(၁)

မလေးရှားနိုင်ငံကုန်သွယ်ရေးအသင်းတွေက အနည်းဆုံးလုပ်ခလစာကို မေလ(၁) ရက်နေ့ကစပြီး ရင်းဂစ်(၁၅၀၀) တိုးမြှင့်တာကို ကောင်းမွန်တဲ့ စတင်ခြင်းအဖြစ် ဖော်ပြကြပေမယ့် ကိုဗစ်ကာလ အလွန်စီးပွားရေးပြည်လည်နာလန်ထူရေးအတွက် ရိုက်ခတ်နိုင်တဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြတယ်လို့ သိရပါတယ်။ 

အသစ်ထုတ်ပြန်လိုက်တဲ့ အနည်းဆုံးလုပ်ခလစာအမိန့်ဟာ မေလ(၁) ရက်နေ့မှာ စတင်အကျိုး သက်ရောက်မှုရှိမှာဖြစ်တယ်လို့ လူသားအရင်းအမြစ်ဝန်ကြီးဌာနရဲ့ ဧပြီလ(၂၇) ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

အဲ့ဒီအမိန့်အောက်မှာ အနည်းဆုံးလုပ်ခလစာကို အရင်က ရင်းဂစ်(၁၂၀၀) ကနေ ရင်းဂစ် (၁၅၀၀) အထိတိုးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

နာရီပိုင်း အနည်းဆုံး လုပ်ခလစာ RM 7.21 အထိ တိုးမြှင့်ခဲ့ပြီး ၅ ရက်တာ အလုပ်လုပ်ကိုင်သော သီတင်းပတ်တစ်ခုအတွက် နေ့စဥ်မျှနှုန်းထားမှာ RM 69.23 ဖြစ်လာမှာဖြစ်တယ်လို့ သိရပါတယ်။  

လာမယ့်နှစ် ဇန်နဝါရီလကစတင်ပြီး အလုပ်သမား ၅ ဦးထက်နည်းပါးတဲ့လုပ်ငန်းရှင်တွေအနေနဲ့ အနည်းဆုံး RM 1500 မှ စတင်ပေးချေဖို့လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

 အနည်းဆုံး လုပ်ခလစာသည် ယခုအချိန်တွင် သင့်တော်မှုရှိပြီး ကောင်းမွန်‌သော စတင်ခြင်းတစ်ရပ်ဖြစ်သည် လို့ မလေးရှားနိုင်ငံကုန်သည်အသင်းကွန်ဂရက် ဥက္ကဌ အက်ဘ်ဒူ ဟာလင်မ် မန်ဆာ က CNA သတင်းဌာန ကိုပြောဆိုခဲ့ပါတယ်။ 

အစီရင်ခံစာမှာထုတ်ပြန်ထားတဲ့ အနည်းဆုံးလက်ခံနိုင်တဲ့ နေထိုင်မှုစံနှုန်းကို ကာမိစေဖို့အတွက် လိုအပ်တဲ့ ဝင်ငွေအတိုင်းအတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

မ‌လေးရှားဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း လုပ်သားတွေအတွက် အနည်းဆုံး လုပ်ခလစာ RM 1100 မှ RM 1200 အထိ တိုးမြှင့်ပေးထားပါသေးတယ်။ 

မလေးရှား အမျိုးသားလုပ်ခလစာတိုင်ပင်ဆွေးနွေးမှုကောင်စီ အက်ဥပဒေ ၂၀၁၁ အရ အနည်းဆုံး လုပ်ခလစာကို(၂) နှစ်ပြည်တိုင်း ပြည်လည်သုံးသပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Channel News Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.