ထိုင်းနိုင်ငံအတွင်းခရီးသွားလာဖို့ အတွက် ကန့်သတ်ချက်တွေကို မေလ(၁) ရက်နေ့စတင်ဖြေလျော့

ဘန်ကောက် – မေ(၁) 

ထိုင်းနိုင်ငံအတွင် ကုန်းကြောင်းလေကြောင်း နှစ်ခုစလုံးနဲ့ ဝင်ရောက်လာမယ့် ခရီးသွားတွေကို မေလ(၁) ရက်နေ့ကစပြီး ဖြေလျော့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

လေကြောင်းနဲ့ဝင်ရောက်လာမယ်သူတွေကိုအုပ်စုနှစ်ခုခွဲထားမှာဖြစ်ပြီးကာကွယ်ဆေးအပြည့်အဝထိုးနှံထားတဲ့ ခရီးသွားဧည့်သည်တွေကို Thai Pass စာရင်းဖြည့်သွင်းချိန်မှာ ကာကွယ်ဆေးထိုး ထားပြီးဖြစ်တဲ့အထောက်အထားကိုပူးတွဲတင်ပြဖို့လိုအပ်ပြီး ဒေါ်လာ(၁)သောင်းထက်မနည်းတဲ့ ကိုဗစ်ခရီးသွား အာမခံကို ကိုင်ဆောင်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ 

လေကြာင်းကဝင်လာပြီး ရောဂါလက္ခဏာရှိရင် ATK  နဲ့ ကိုယ်တိုင်စစ်ဆေးပြီး ကူစက်ခံရရင် အာမခံလုပ်ငန်းစဉ်ဒါမှမဟုတ် ကိုယ်တိုင်ကုသမှုစနစ်ကိုခံယူရမှာဖြစ်ပါတယ်။ 

ကုန်းလမ်းကတဆင့် ခရီးသွားကြမယ့် ထိုင်းနိုင်ငံသားတွေအတွက် ခရီးသွားအာမခံလိုအပ်မှာ မဟုတ်ပဲ လေကြောင်းခရီးသွားတွေအတွက် ယခင်သတ်မှတ်ချက်အတိုင်းထားရှိပြီး ကာကွယ် ဆေးမထိုးထားတဲ့ သူတွေအနေနဲ့ ခရီးမထွက်ခင်(၇၂) နာရီအတွင် RT PCR စစ်ဆေးချက်နဲ့ တောင်းခံဖို့ လိုအပ်ပြီး ကွာရန်တင်း နေထိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ 

ခရီးသွားဧည့်သည်တွေအတွက်သက်ဆိုင်ရာခရိုင်တွေမှာ ရောဂါကာကွယ်ရေးအတိုင်းအတာ တွေကို အကောင်အထည်ဖော်နေတယ်လို့လည်း သိရပါတယ်။ 

ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမြဲတမ်းနယ်စပ်ဖြတ်ကျော်ဂိတ် (၁၇) ဂိတ်ဖြစ်ပြီး ကူးစက်ရောဂါထိန်းချုပ်ရေးကော်မတီက ဆုံးဖြတ်ထားတဲ့ သွားလာခွင့်ဆိုင်ရာ ဆုံးဖြတ် ချက် ကို မေလ(၁) ရက်နေ့ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ 

နန် ခရိုင်ဒေသန္တရနဲ့ အူဘွန်ရတ်ချ ဌာနီ ခရိုင်ဒေသန္တရဂိတ် (၂)  ခုအတွက် (ခွင့်ပြုဖို့) ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါသေးတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.