ပြုံယမ်း – မေ(၁)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်ရေးအရ ခြိမ်းခြောက်မှုတစုံတရာရှိခဲ့ပါက သူ့ရဲ့ နျူကလီးယားလက်နက်တွေကိုအသုံးပြုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ 

နျူကလီယားခြိမ်းခြောက်မှုအပါအဝင်အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုအားလုံးကို ကြိုတင်ပြီး တာဆီးနိုင်စေဖို့လိုအပ်ပါက နျူကလီယားလက်နက်တပ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်် ဖို့ဆန္ဒရှိတယ်လို့လည်း သူကပြောပါသေးတယ်။ 

မြောက်ကိုရီးယားဟာ သူတို့ပိုင်ဆိုင်တဲ့ နျူကလီယားလက်နက်အစီအစဉ်မှာ အမေရီကန်ကို ပစ်ခတ်နိုင်မယ့် အကြီးမားဆုံးလက်နက်တွေအပါအဝင်တိုက်ချင်းပစ်ဒုံးကျည်များနဲ့ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံကိုပစ်ခတ်နိုင်တယ့် တာတိုပစ်လောင်စာဆီသုံး ဒုံးကျဉ်မျိုးစုံတို့ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ရေးပြအခမ်းအနားမှာ ပြသခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက KCNA  ကထုတ်ပြန်ထားပါတယ်။ 

မြောက်ကိုရီးယားစစ်တပ် နှစ်(၉၀)ပြည်နှစ်ပတ်လည်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားမှာ သူ့နိုင်ငံရဲ့ နျူကလီယားအင်အားကို လက်ခံဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ အမေရိကန် ပြည်ထောင်စုကို ကင်မ် က တွန်းအားပေးခဲ့ပါတယ်။ 

ကင်မ်ဟာ သူ့ရဲ့ နျူကလီယားတပ်ဖွဲ့တွေကို ဖြစ်နိုင်သမျှအလျင်မြန်ဆုံးမြှင့်တင်သွားမယ်လို့ ကတိပေးခဲ့ပြီး နိုင်ငံရဲ့အခြခံကျတဲ့အကျိုးစီးပွားအတွက် ပြင်ပခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ သူရဲ့နျူကလီယားမစ်ရှင်ကို ရပ်တန့်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်တည်းက တည်ဆောက်နေတဲ့ တိုက်ချင်းပစ်ဒုံးကျည် ICBM အပါအဝင် ၂၀၂၂ ခုနှစ်တစ်နှစ်တည်းမှာ လက်နက်စမ်းသပ်ပစ်လွှတ်မှု အကြိမ်ရေ (၁၃) ကြိမ် ပြုလုပ်ခဲ့ပြီး ကင်မ်ဂျုံအန်ဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲကြောင့် နှစ်ခြမ်းကွဲနေတဲ့ အခြအနေကို အသုံးချပြီး သူ့ရဲ့လက်နက်အစီအစဉ်ကို ရှေ့ကိုတွန်းပို့နေတာဖြစ်တယ်လို့ သိရပါတယ်။ 

မြောက်ကိုးရီးယား လက်နက်ဖျက်သိမ်းရေး ခြေလှမ်းတွေအတွက် အပြန်အလှန်အနေနဲ့ အမေရိကန်ဦးဆောင်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေကြာင့် ဝါရှင်တန်နဲ့ ပြုံယမ်းတို့အကြား နျူကလီယားဆိုင်ရာစေ့စပ်ညှိနှိုင်းမှုတွေ ဟာ ၂၀၁၉ ခုနှစ်တည်းက ရပ်တန့်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ကင်မ်ဂျုံအန်ဟာ နိုင်ငံတကာဖိအားတွေနဲ့ နိုင်ငံရဲ့ဆိုးဝါးစွာကျဆင်းနေတဲ့ စီးပွားရေးကို ရင်ဆိုင် ရချိန်မှာ သူ့ရဲ့ရှင်သန်ရပ်တည်မှုအတွက် အကြီးမားဆုံးအာမခံချက်အဖြစ် နျူကလီယား လက်နက်တိုက်ကိုသာ အပြည့်အဝတည်ဆောက်နေပြီး လက်နက်ချဖို့ စဉ်းစားမှာ မဟုတ်တဲ့ အခြေအနေဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.