May 1, 2022

ထိုင်းနိုင်ငံအတွင်းခရီးသွားလာဖို့ အတွက် ကန့်သတ်ချက်တွေကို မေလ(၁) ရက်နေ့စတင်ဖြေလျော့

ထိုင်းနိုင်ငံအတွင်းခရီးသွားလာဖို့ အတွက် ကန့်သတ်ချက်တွေကို မေလ(၁) ရက်နေ့စတင်ဖြေလျော့ ဘန်ကောက် – မေ(၁) ထိုင်းနိုင်ငံအတွင် ကုန်းကြောင်းလေကြောင်း နှစ်ခုစလုံးနဲ့ ဝင်ရောက်လာမယ့် ခရီးသွားတွေကို မေလ(၁) ရက်နေ့ကစပြီး ဖြေလျော့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လေကြောင်းနဲ့ဝင်ရောက်လာမယ်သူတွေကိုအုပ်စုနှစ်ခုခွဲထားမှာဖြစ်ပြီးကာကွယ်ဆေးအပြည့်အဝထိုးနှံထားတဲ့ ခရီးသွားဧည့်သည်တွေကို Thai Pass စာရင်းဖြည့်သွင်းချိန်မှာ ကာကွယ်ဆေးထိုး ထားပြီးဖြစ်တဲ့အထောက်အထားကိုပူးတွဲတင်ပြဖို့လိုအပ်ပြီး ဒေါ်လာ(၁)သောင်းထက်မနည်းတဲ့ ကိုဗစ်ခရီးသွား အာမခံကို ကိုင်ဆောင်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ လေကြာင်းကဝင်လာပြီး…

ကြိုတင်ကာကွယ်ဖို့အတွက်နျူကလီးယားလက်နက်ကို သာအသုံး ပြုမယ်လို့ ကင်မ်ဂျုံအန်းသတိပေး

ပြုံယမ်း – မေ(၁) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်ရေးအရ ခြိမ်းခြောက်မှုတစုံတရာရှိခဲ့ပါက သူ့ရဲ့ နျူကလီးယားလက်နက်တွေကိုအသုံးပြုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နျူကလီယားခြိမ်းခြောက်မှုအပါအဝင်အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုအားလုံးကို ကြိုတင်ပြီး တာဆီးနိုင်စေဖို့လိုအပ်ပါက နျူကလီယားလက်နက်တပ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်် ဖို့ဆန္ဒရှိတယ်လို့လည်း သူကပြောပါသေးတယ်။ မြောက်ကိုရီးယားဟာ သူတို့ပိုင်ဆိုင်တဲ့ နျူကလီယားလက်နက်အစီအစဉ်မှာ အမေရီကန်ကို ပစ်ခတ်နိုင်မယ့် အကြီးမားဆုံးလက်နက်တွေအပါအဝင်တိုက်ချင်းပစ်ဒုံးကျည်များနဲ့ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံကိုပစ်ခတ်နိုင်တယ့် တာတိုပစ်လောင်စာဆီသုံး ဒုံးကျဉ်မျိုးစုံတို့ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ရေးပြအခမ်းအနားမှာ…

မလေးရှာနိုင်ငံရဲ့အခြေခံလစာ ကို ရင်းဂစ်(၁၅၀၀) ထိ မေလ(၁) ရက်နေ့မှာ စတင်တိုးမယ်

ကွာလာလာမ်ပူ – မေ(၁) မလေးရှားနိုင်ငံကုန်သွယ်ရေးအသင်းတွေက အနည်းဆုံးလုပ်ခလစာကို မေလ(၁) ရက်နေ့ကစပြီး ရင်းဂစ်(၁၅၀၀) တိုးမြှင့်တာကို ကောင်းမွန်တဲ့ စတင်ခြင်းအဖြစ် ဖော်ပြကြပေမယ့် ကိုဗစ်ကာလ အလွန်စီးပွားရေးပြည်လည်နာလန်ထူရေးအတွက် ရိုက်ခတ်နိုင်တဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြတယ်လို့ သိရပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ အနည်းဆုံးလုပ်ခလစာအမိန့်ဟာ မေလ(၁) ရက်နေ့မှာ စတင်အကျိုး သက်ရောက်မှုရှိမှာဖြစ်တယ်လို့ လူသားအရင်းအမြစ်ဝန်ကြီးဌာနရဲ့ ဧပြီလ(၂၇) ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီအမိန့်အောက်မှာ အနည်းဆုံးလုပ်ခလစာကို…

KNU တပ်မဟာ(၁) ကို အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုလာ

ဘီးလင်း ၊ မေ (၁) နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေထဲကို တပ်အင်အား ထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဟာ ချီတက်ရာ လမ်းတလျှောက်က အရပ်သား ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုလာတယ်လို့ KNU တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ…