April 2022

စီးပွားရေးအကြပ်အတည်းတွေကြောင့် သီရီလင်္ကာနိုင်ငံအရေးပေါ် အခြေအနေကြေညာ

ဘန်ကောက်- ဧပြီ(၃) သီရိလင်္ကာနိုင်ငံရဲ့အဆိုးဆုံးစီးပွားရေးအကြပ်အတည်းတွေနဲ့ နိုင်ငံသားတွေရဲ့ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော် မှုတွေကြောင့် သမ္မတ ဂိုဒါဘာရာ ရာဂျာပက်ဆာ ကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ထားတဲ့ အရေးပေါ်ကြေညာချက်ဟာ ဧပြီလ(၁) ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ပြီး အာဏာပိုင်တွေအနေနဲ့ သံသယရှိသူတွေကို ဝရမ်းမပါပဲ ဖမ်းဆီးစစ်ဆေးအကျဉ်းချ ခွင့်ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ်…

အာဆီယံအဖွဲ့ကိုပေးအပ်ထားတဲ့ ကတိကဝတ်တွေမတည်ရင် မြန်မာကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဆိုင်းငံ့ထားဖို့လိုအပ်

ဘန်ကောက်- ဧပြီ(၃) အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဖွဲ့ကိုပေးထားတဲ့ ကတိတွေ မပြည်စုံမချင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ သတ္တိရှိသင့်တယ်လို့ The Straits Times သတင်းဌာနက ဆောင်းပါးဖော်ပြထားပါတယ်။ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်အုပ်စု ကလုယူထားတဲ့ အာဏာပြန် မပေးမချင်း အာဆီယံအဖွဲ့ဝင်အဖြစ်ကနေဆိုင်းငံ့ထားပြီး သူတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေအတွက် တာဝန်ယူသင့်တယ်လို့ ဆောင်းပါးရှင်ကရေးသားထားပါတယ်။ ပြီးခဲ့တဲ့ နှစ်က အင်ဒိုနီးရှား၊မလေးရှား၊စင်္ကာပူနဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တွေက…

အထောက်အထားခိုင်လုံရင် ဘဏ်ကနေ တစ်ပတ် ကျပ် သိန်း ၁၀၀ အထိ ထုတ်ခွင့်ပြုမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

မော်လမြိုင် ၊ ဧပြီ (၃) ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေအတွက် အထောက်အထား ခိုင်လုံရင် လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ဘဏ်စာရင်းတွေကနေ တစ်ပတ် ကျပ် သိန်း ၁၀၀ ထုတ်ပေးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဘဏ်တွေအပေါ် ပြည်သူလူထု ယုံကြည်ကျဆင်းလာတာ၊ ရာခိုင်နှုန်းနဲ့ ငွေသားထုတ်ယူနေရတာ၊ ငွေစက္ကူအတု…

စီးပွားရေးကြပ်တည်းမှုကြောင့် ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဂေဟာတွေ ဆက်လက် ရပ်တည်ဖို့ ပိုမို အခက်ကြုံလာ

မော်လမြိုင် ၊ ဧပြီ (၃) စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေး ရိုက်ခတ်မှုတွေကြောင့် တစ်နှစ်ကျော် ကာလအတွင်း မိဘမဲ့ ကလေးတွေနဲ့ ဆင်းရဲနွမ်းပါး ကလေးတွေကို ကူညီ စောင့်ရှောက်နေတဲ့ ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဂေဟာတွေဟာ ဆက်လက် ရပ်တည်ဖို့ ပိုမို အခက်ကြုံလာရတယ်လို့ ပရဟိတ မိဘမဲ့ကျောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပရဟိတ မိဘမဲ့ကျောင်းနဲ့…

မူးယစ်မှောင်ခိုသမား မြန်မာတစ်‌‌‌‌ယောက်ကို ထိုင်းရဲ ဖမ်းဆီး

ဘန်ကောက် – ဧပြီ(၂) ပြီးခဲ့တဲ့နှစ်က မူးယစ်ဆေးဝါးက ရတဲ့ ငွေကြေး ဘတ်သန်း(၅၀၀) ကျော်ကို ထိုင်းကနေ မြန်မာနိုင်ငံကို အမြန်ချောပို့ ဝန်ဆောင်မှုကိုအသုံးပြုပြီး မှောင်ခိုကူးတဲ့ အမျိုးသားတစ်‌‌​ေယာက်ကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။ ဖမ်းဆီးခံထားရသူဟာ အသက်(၂၄)နှစ်အရွယ်အမျိုးသားဖြစ်ပြီး သူ့ကို မဲဆိုင်ခရိုင်ခွဲ၊မဲဆိုင်မြို့ကျေးရွာအမှတ် (၆)က သူ့ရဲ့နေအိမ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုကော်မရှင်နာဒုတိယဗိုလ်ချုပ်ကြီးဆရာရွတ်ရဲ့ပြောဆိုချက်အရ သံသယ ရှိသူဟာ မြန်မာနိုင်ငံတွင်းက မူးယစ်ထုတ်လုပ်သူတွေဆီကို ပေးပို့တဲ့ အမြန်ချောပို့လုပ်ငန်းကို တဝက်ပိုင်ဆိုင်…

မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့မလေးနိုင်ငံသားကိုကွက်မျက်ဖို့ဆန့်ကျင်တဲ့ တောင်းဆိုချက် စင်္ကာပူပယ်ချ

ဘန်ကောက် – ဧပြီ(၂) မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့မလေးရှားနိုင်ငံသားတစ်ယောက်ကို ကွက်မျက်ဖို့ ဆန့်ကျင်တဲ့ မေတ္တာရပ်ခံချက်ကို စင်္ကာပူတရားရုံးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အသက်(၃၄) နှစ်ရှိပြီဖြစ်တဲ့ မလေးနိုင်ငံသားဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးမူးယစ်ဆေးဝါးအဖြစ်သတ် မှတ်ထားတဲ့ ဟီရိုရင်း (၄၂.၇) ဂရမ်ကို ရောင်းဝယ်ဖောက်ကားခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံသားရဲ့ရှေ့နေဖြစ်သူကသူ့အမှုသယ်ဟာ စိတ်ဝေဒနာခံစားနေရတဲ့သူဖြစ်တယ်လို့ ဖြေဆို ထားပြီး ထောင်တွင်းဆေးမှတ်တမ်းကို ပြသဖို့တော့ ငြင်းဆိုထားခဲ့ပါတယ်။ လွတ်လပ်သော သုံးသပ်ချက်ပေးဖို့တောင်းခံခဲ့ပေမယ့် အမှုသည်ရဲ့…

ဖာပွန်က စစ်ကောင်စီတပ်စခန်း‌တချို့ကို KNLA ဝင်ရောက်တိုက်ခိုက်

မော်လမြိုင်၊ ဧပြီ ၂ ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF) တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။ ဧပြီ ၁ ရက်နေ့ မနက် ၆ နာရီက KNLA…

အများပြည်သူပိုင် နေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဖို့ စစ်ကောင်စီက ရဲနဲ့ တပ်ကို တာဝန်ပေးထား

မော်လမြိုင် ၊ ဧပြီ (၂) အများပြည်သူပိုင် ဈေး၊ အဆောက်အဦး၊ လမ်းတံတားနဲ့ စာသင်ကျောင်း အပါအဝင် လူစည်းကားနေတဲ့ နေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဖို့ စစ်ကောင်စီက ရဲနဲ့ တပ်ကို တာဝန်ပေးအပ်ထားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ အဲဒီမိုင်းထောင်ဖောက်ခွဲမှုတွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင် စစ်တပ်ဆန့်ကျင်သူတွေက နိုင်ငံမငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုပြီး လိမ်လည် သတင်းထုတ်ပြန်နိုင်ဖို့အတွက်…

စစ်ကောင်စီက ဖွင့်မယ့် တက္ကသိုလ်တွေ မတက်ဘဲ သပိတ်မှောက်ပေးဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

မော်လမြိုင် ၊ ဧပြီ (၂) အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်တွေကို မတက်ဘဲ ဆက်လက် တော်လှန်ပေးဖို့ CDM တက္ကသိုလ်ဆရာ၊ဆရာမတွေနဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးက အတန်းအားလုံးကို မေ ၁၂ ရက်မှာ စတင် ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ စစ်ကောင်စီက…