April 2022

လောင်းလုံးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် စာရေးတချို့ နှုတ်ထွက်လာကြ

မော်လမြိုင် ၊ ဧပြီ (၅) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် သာဂရမြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် စာရေးတချို့ နှုတ်ထွက်လာကြတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က စစ်ကောင်စီခန့် သာဂရမြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်နဲ့ အဖေဖြစ်သူ ဦးရွှေဦးတို့ နှစ်ယောက်ကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က…

ရန်ကုန် မြို့ပြပျောက်ကြားအဖွဲ့တွေ နေရာပြောင်းရွှေ့ နေထိုင်ကြဖို့ CDM ရဲအရာရှိတွေ သတိပေး

မော်လမြိုင် ၊ ဧပြီ (၅) ကွင်းဆက် ဖမ်းဆီးမှုတွေ ရှိလာနိုင်တဲ့အတွက်ကြောင့် ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေ နေရာပြောင်း ရွှေ့နေထိုင်ကြဖို့နဲ့ လတ်တလော သုံးစွဲနေတဲ့ ဖုန်းနံပါတ်တွေကို ပြောင်းလဲ သုံးစွဲကြဖို့ CDM ရဲအရာရှိတွေက သတိပေးလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ထီးတန်းလမ်းနဲ့ဟုမ်းလမ်းကြားမှာ Free Tiger Ranger တပ်ဖွဲ့ဝင်တွေကို…

တနင်္သာရီတိုင်းက စစ်ရှောင်တွေ နှာစေးချောင်းဆိုးနှင့် ရာသီတုပ်ကွေးရောဂါတွေကို ခံစားနေရ

မော်လမြိုင် ၊ ဧပြီ (၅) တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် သရက်ချောင်း၊ ထားဝယ်၊ ရေဖြူ ၊ ပုလောနဲ့တနင်္သာရီမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ တဲထိုးနေထိုင်ရသလို အမိုးအကာ မလုံလောက်မှု ပြဿနာနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းမှာ အချိန်အခါ မဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ…

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တိုက်ပွဲမှာ အရပ်သား ကား ၄ စီး မီးလောင်ပျက်စီး

မော်လမြိုင် ၊ ဧပြီ (၅) ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးမှာ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။ အဲဒီနှစ်ဖက်တိုက်ပွဲကြောင့် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး ဆိပ်ဖူးတောင်ခြေဘက်မှာ ခရီးသည်တင် မှန်လုံယာဉ် တစ်စီး အပါအဝင် ကား…

အပစ်ရပ်အဖွဲ့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ကို အစုအဖွဲ့ အားလုံးထံ တင်ပြသွားမယ်လို့ PPST ပြော

မော်လမြိုင် ၊ ဧပြီ (၅) NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ နိုင်ငံရေးလမ်းပြ မြေပုံဆိုင်ရာ အဆိုပြုချက်ကို NUG အစိုးရနဲ့ စစ်ကောင်စီ အပါအဝင် ပါဝင်ပတ်သက်တဲ့ နိုင်ငံရေး အင်အားစု အားလုံးထံ တင်ပြသွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောပါတယ်။ ၆ ရက်ကြာ ကျင်းပခဲ့တဲ့ အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့…

ပြည်သူတွေရဲ့မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းကိုတစ်အိမ်တက်ဆင်းလိုက်စစ်ဖို့ ဒုကာချုပ်စိုးဝင်ညွှန်ကြား

မော်လမြိုင်- ဧပြီ(၄) စစ်ကောင်စီက တဘက်သက်ပြုလုပ်မယ့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် ပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ကို တစ်အိမ်တက်ဆင်း လိုက်စစ်ဆေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဒုကာ ချုပ်စိုးဝင်းက ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးမှာပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ စစ်တပ်လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ ပြည်ထဲရေး၊ ရွေးကောက်ပွဲကော်မရှိနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနနဲ့ တခြားဝန်ကြီးဌာနတွေကို အခုလို ပြောခဲ့တာပါ။…

ကော့ကရိတ်တောင်းပိုင်ရှိ ကြိတ်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် တိုက်ခိုက်

မော်လမြိုင်၊ ဧပြီ ၄ ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်တောင်ဘက်ပိုင်းမှာရှိတဲ့ ကြိတ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြိတ်ကျေးရွာအနီး တောင်ကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းကို မနေ့က KNLA တပ်မဟာ ၆ က သွားရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ မနေ့ ညနေပိုင်းက…

ဆန္ဒပြပွဲတွေတားဆီးဖို့ သီရိလင်္ကာမှာ လူမှုကွန်ယက်စာမျက်နှာအသုံးပြုခွင့် တာမြစ်

ဘန်ကောက်- ဧပြီ(၄) သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြပွဲတွေဆိုရွားလာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ အာဏာပိုင်တွေက ညမထွက် ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ လူမှုကွန်ယက်စာမျက်နှာတွေကိုအသုံးပြုခွင့်ပိတ်ပင်လိုက်တယ် လို့သိရပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတွင်းအစားအသောက်၊ဆေးဝါး၊လောင်ဆာဆီနဲ့ လျှပ်စစ်မီးပြတ် တောက်တာတွေကြောင့် ပြည်သူတွေဟာ သမ္မတကို ဖြုတ်ချဖို့ ဆန္ဒပြပွဲတွေပြုလုပ်လာခဲ့ကြတာပါ။ မြို့တော်ကိုလံဘိုမှာရှိတဲ့ သမ္မတအိမ်တော်ကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝင်ရောက် စီးနင်းဖို့ ကြိုးစားခဲ့တဲ့နောက်မှာတော့ ပြီးခဲ့တဲ့ သောကြာနေကစပြီး တနင်္လာနေ့အထိ ညမထွက်ရအမိန့်နဲ့…

နျူကလီးယားတင်းမာမှုတွေရှိနေလို့ အမေရိကန်က ICBM တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်မှု နောက်ဆုတ်

ဘန်ကောက်- ဧပြီ(၃) ယူကရိန်း-ရုရှားစစ်ပွဲကြောင့် နျူကလီးယားတင်းမာမှုတွေရှိနေတဲ့ အတွက် အမေရိကန်ရဲ့Minuteman III တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် ဖို့အမေရိကန်စစ်တပ်က နောက်ဆုတ်လိုက်တယ်လို့ ပြောပါတယ်။ ရုရှားက သူ့ရဲ့နျူတပ်ဖွဲ့တွေကို အသင့်အနေအထားနေဖို့အမိန့်ပေးခဲ့ပြီးချိန်မှာတော့ အမေရိကန်ဘက်က စမ်းသပ်ဖို့ နောက်ဆုတ်လိုက်တာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။ “အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အသင့်အနေအထားဖြစ်မှုကို လေတပ်က ယုံကြည်ပါတယ်” လို့ လေတပ်ပြောရေးဆိုခွင့် ရှိသူ စတီဖင်နက်ခ် က ပြောပါတယ်။ ဒါ့အပြင်စမ်းသပ်မှုကို…