April 27, 2022

ဒေါ်အောင်ဆန်းစုကြည် အဂတိအမှုနဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်ခံရ

နေပြည်တော်၊ ဧပြီ ၂၇ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားနဲ့နီးစပ်သူတွေက ပြောပါတယ်။ ဒီအမှုအတွက် ဒီက‌နေ့ ဧပြီ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အထူးတရားရုံးကနေ ထောင်ဒဏ် ၅ နှစ်…

ကန်ချနပူရီမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖမ်းဆီးခံရ

ဘန်ကောက် – ဧပြီ(၂၇) ဆူရာဆီ တက်စ်ဖို့စ် မှ တပ်မတော် ကင်းလှည့်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေဖို့အတွက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆)ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ တရားမဝင် ဝင်ရောက်လာပြီး အလုပ်ရှာဖွေသူတွေကို မတူညီတဲ့နေရာ (၃) ခုမှာ ဖမ်းမိခဲ့ပြီး ထွန်ဖာဖွန် ၊ မောင်း၊ ဘန်ဟွေးနန်းခေါင် နဲ့ ဒမ်မာခမ်တိုင်တို့က…

ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ အနောက်နိုင်ငံတွေဆွေးနွေးပွဲမစခင် တတိယကမ္ဘာစစ် အတွက် ရုရှားသတိပေး

မော်စကို -ဧပြီ(၂၇) စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို လက်နက်တွေ ထပ်မံပေးပို့ဖို့ အမေရိကန်နဲ့ အနောက်အုပ်စု မဟာ မိတ်တွေက တွေ့ဆုံမှု မတိုင်ခင် တတိယကမ္ဘာစစ် ရဲ့ခြိမ်းခြောက်မှု အစစ်အမှန်ကို ရုရှားက သတိပေးခဲ့ပါတယ်။ ရုရှားဟာ အိမ်နီးချင်းယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ရုရှားတပ်တွေကို ပြန်လည်ခုခံဖို့ နိုင်ငံတွင်းကို အနောက်နိုင်ငံတွေက လက်နက်အင်အားပံ့ပိုးကူညီမှုတွေဟာ ပိုမိုအရှိန်ဟုန်မြင့်စေခဲ့တာပါ။ ဒါပေမယ့်နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ရုရှားနဲ့ ပဋိပက္ခဖြစ်မှာကို စိုးရိမ်နေတဲ့အတွက်ကြောင့် အနောက်အင်အားကြီးနိုင်ငံတွေက…

ဂျပန်မှာ ပျောက်ဆုံးနေတဲ့ လှေပေါ်ပါ ကလေးငယ်အပါအဝင် လူဆယ်ယောက်ကျော်သေဆုံး

တိုကျို – ဧပြီ(၂၇) ပြီးခဲ့တဲ့စနေနေ့က လူ(၂၆) ယောက်တင်ဆောင်ထားတဲ့ ဂျပန်ရှုခင်းကြည့်လှေတစ်စီး ပျောက်ဆုံးခဲ့ပြီး လူ(၁၁)ယောက်အထိသေဆုံးထားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသား(၇)ယောက်အမျိုးသမီး(၃)ယောက်နဲ့ ကလေး(၁) ယောက်ပါဝင်ပြီး တချို့သူတွေကိုတော့ ရေထဲမှာ သတိမေ့မျောနေစဉ်ရှာတွေ့ခဲ့သူတွေနဲ့ ကမ်းပါးပေါ်မျောပါသွားသူတွေရှိတယ်လို့ သိရပါတယ်။ လှေပေါ်ပါလူ(၂၆)ယောက်မှာ (၂၄)ယောက်ကခရီးသွားဧည့်သည်တွေဖြစ်ပြီး ကျန်(၂)ယောက်မှာ ကပ်ပတိန်နဲ့သူ့နောက်လိုက်တို့ဖြစ်ပြီး အဲဒီထဲမှာ ကလေး(၂)ယောက်ပါဝင်တယ်လို့သိရပါတယ်။ ကာဇူ(1) လို့အမည်ရတဲ့ လှေဟာ ဂျပန်မြောက်ဘက်အကျဆုံးက…

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ကြီးအကျဉ်းသား တစ်ထောင်နီးပါး နယ်ထောင် ပြောင်းခံရ

ရန်ကုန် ၊ ဧပြီ(၂၇) ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ နှစ်ကြီးအကျဉ်သား တစ်ထောင်နီးပါးကို နယ်ဘက်ထောင်တွေထံ ပြောင်းရွှေ့နေတယ်လို့ အမည်မဖော်လိုတဲ့ အင်းစိန်အကျဉ်းထောင် အရာရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ပုဒ်မ ၅၀၅ (က)၊ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲပြီးနောက် ပြစ်ဒဏ်ချမှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ကြီးအကျဉ်းသားတွေကို ဧပြီလ(၂၄) ရက်နေ့ကစပြီး နယ်ဘက်ထောင်တွေကို…

စစ်ကောင်စီက ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှု လုံးဝ ရပ်တန့်သွား

ထားဝယ် ၊ ဧပြီ (၂၇) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်း(မြန်မာ)ကို စစ်ကောင်စီဘက်က အကြောင်းပြချက် မရှိဘဲ ပိတ်သိမ်းလိုက်တာကြောင့် ကုန်စည်စီးဆင်းမှု လုံးဝ ရပ်တန့်သွားပြီးလို့ ကုန်သည်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းကို ဧပြီ ၂၄ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တာ ဖြစ်ပြီး ဘယ်တော့ ပြန်လည်ဖွင့်လှစ်ဆိုတာ ထုတ်ပြန်တာ မရှိပါဘူး။ ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့…

အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းတွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီ ပြန်ကြေညာ

မော်လမြိုင် ၊ ဧပြီ (၂၇) စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ အခုပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် အနီးကပ်သင်တန်းတွေ ပြန်ဖွင့်တော့မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ အဝေးသင် အနီးကပ်သင်တန်းရက်တွေဟာ မေလပထမပတ်အတွင်း ဖွင့်လှစ်သွားမယ်လို့ ကြေညာခဲ့ပြီးနောက် ဧပြီ ၁၈ ရက်နေ့မှာ ခေတ္တရက်ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ခဲ့တာပါ။ အခုအခါမှာတော့…

ဘီးလင်းက စစ်ရှောင်ပြည်သူ ၇၀၀၀ နီးပါးအတွက် စားနှပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေ

ဘီးလင်း ၊ ဧပြီ (၂၇) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNDO/KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက် စစ်ရေး အခြေအနေ ပိုမို တင်းမာလာတာကြောင့် ဒေသခံပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က ဘီးလင်းမြို့နယ်အတွင်းက လေးကေနဲ့…