ဘန်ကောက်- ဧပြီ(၁၂)

စားသုံးဆီဈေးကြီးမြင့်မှုနဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုရာထူးသက်တမ်းတိုးခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့ (ဧပြီ ၁၁ ရက်) နေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းသားတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

တောင်ဆူလာဝေစီ၊ အနောက်ဂျာဗားနှင့် မြို့တော် ဂျကာတာတို့အပါအဝင် ရာနှင့်ချီသော ကျောင်းသားတွေဟာ ကုန်ပစ္စည်း ကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့် သမ္မတသက်တမ်း နှစ်ဆက် ကန့်သတ်ချက်ထက် ကျော်လွန်သတ်မှတ်ခြင်း အဆိုအတွက် မကျေနပ်ချက်တွေကို ဖော်ပြဖို့ နီယွန်အကျီများ ဝတ်ဆင်ကာ ပါလီမန်သို့ ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့နဲ့   ၂၀၂၄ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို နှောင့်နှေးခြင်းဖြင့်ဖြစ်စေ မစ္စတာ ဝီဒိုဒို အတွက် သက်တမ်းတိုးဖို့ ဩဇာကြီးမားတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တချို့က လူသိရှင်ကြား ထောက်ခံပြီး  နောက်ဆန္ဒ ပြမှုတွေဟာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၆၀ အရွယ် မစ္စတာ ဝီဒိုဒို ဟာ ဝန်ကြီးတွေနဲ့ လုံခြုံရေးအကြီးအကဲတွေကို  အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မဆွေးနွေးဖို့ တိုက်တွန်းခဲ့ပြီး စီစဉ်ထားတဲ့အတိုင်း ရွေးကောက်  ပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမှာဖြစ်တယ်လို့  ရှင်းလင်းပြောဆိုခဲ့ ပါတယ်။

 သမ္မတအဖြစ် အများဆုံး နှစ်ဆက်၊ ငါးနှစ်သက်တမ်းထက် ပိုခွင့်ပြုရေး အယူအဆက ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို ခြိမ်းခြောက်မှုတွေ မြင့်တက်လာစေတာ ဖြစ်ပါတယ်။

သမ္မတဟောင်း ဆူဟာတိုကို ဖြုတ်ချနိုင်ခဲ့တဲ့ ကြီးမားတဲ့ ၁၉၉၈ ခုနှစ်ဆန္ဒပြပွဲအတွင်း ကျောင်းသားတွေဟာ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ အရေးအတွက်ကြိုးပမ်းရာမှာ ရှေ့တန်းက ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မစ္စတာဝီဒိုဒိုသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံ ရပြီးကတည်းက သူ့အား ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သော်လည်း မကြာသေးမီက သမ္မတသက်တမ်းတိုး အစီအစဉ်နှင့် ပတ်သက်တဲ့  စစ်တမ်းကောက်ယူမှုမှာတော့ အင်ဒိုနီးရှားနိုင်ငံသား (၇၀) ရာခိုင်နှုန်းကျော်က ပယ်ချခဲ့ကြောင်း သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.