ဘန်ကောက် – ဧပြီ(၁၂)

ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင် ဒေသန္တရတွေမှာ လာမယ့်အပတ်အတွင်း မီးရှို့မှုတွေ ကြောင့် ပြင်းထန်တဲ့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာနိုင်ပြီး အဲ့ဒီဒေသတွေမှာ အပူချိန်မြင့်တက် လာနိုင်တယ်လို့ သိရပါတယ်။

လေထုညစ်ညမ်းမှုထိန်းချုပ်ရးဦးစီးဌာနရဲ့ ပြောဆိုချက်တွေအရ အဲ့ဒီလေထုညစ်ညမ်းမှု အတိုင်းအတာဟာ သတ်မှတ်ဖော်ထုတ်ထားတဲ့ စတင်ထုတ်လွှတ်ရာနေရာအရည်အတွက် တွေအပေါ်မူတည်နိုင်တယ်လို့ သိရပါတယ်။

၂.၅ မိုက်ခရိုမီတာထက်သေးငယ်တဲ့ အမှုန်စ သိပ်သည်းမှုတွေနဲ့အတူ ထိုင်းနိုင်ငံ အရှေ့ ပိုင်း၊မြောက်ပိုင်း၊အရှေ့မြောက်ပိုင်းတွေမှာ လေထုညစ်ညမ်းမှုတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကစပြီး ပိုမိုဆိုးရွားလာနေပြီး သေးငယ်တဲ့ လေထုညစ်ညမ်းမှုအမှုန်စတွေဟာ အသက်ရှုလမ်းကြောင်းဆိုရင်ရာ ပြဿနာတွေဖြစ်ပေါ်ပြီး တနှစ်အတွင်းလူဦးရေထောင်နဲ့ ချီသေဆုံးခဲ့ကြရတယ်လို့သိရပါတယ်။

ကားမီးမိုးငွေ့နဲ့ ဘန်ကောက်မြို့က လေထုညစ်ညမ်းမှုရဲ့ အဓိကပြသနာဖြစ်သော်လည်း ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မြင့်တက်လာတဲ့ ပြောင်းစိုက်ပျိုးတာတွေနဲ့အတူ မြို့တော်ပြင်ပ ရွှေ့ပြောင်းတောင်ယာနဲ့ စိုက်ပျိုးရိတ်သိမ်းပြီးစ သီးနှံပင်တွေကို မီးရှို့တာတွေကထွက်ပေါ် လာတဲ့ မီးခိုးထုကြီးတွေကြောင့်ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

ဘန်ကောက်နဲ့ချင်းမိုင်မြို့တွေဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုအများဆုံး မြို့(၅)မြို့ အတွင်းပါဝင်လာပြီး ကမ္ဘာ့အတိုင်းအတာနဲ့ လေထုညစ်ညမ်းမှုကို စောင့်ကြည်နေတဲ့ IQAir အဆင့်သတ်မှတ်ချက်တွေအရ ဘန်ကောက်မြို့ဟာ ဘေဂျင်းမြို့ပြီးရင် ဒုတိယနေရာ မှာရပ်တည်နေပြီး မြောက်ပိုင်းမြို့ဖြစ်တဲ့ ချင်းမိုင်မြို့မှာ အဆင့် (၅) အဖြစ်ရပ်တည်နေပါတယ်။

.

လေထုညစ်ညမ်းမှုထိန်းချုပ်ရေး ဦးစီးဌာန (Pollution Control Department PCD) ဟာ  လိမ္မော်ရောင်နဲ့ အနီရောင်ဇုံအတွင်းရှိ လူတွေကို တနင်္လာနေ့က စပြီး အိမ်ပြင်ပ နေထိုင် ချိန်တွေလျော့ချနိုင်ဖို့ တိုက်တွန်းထားပါတယ်။

လေထုအရည်အသွေးဟာ အင်္ဂါနေ့ကစပြီး ရှေ့အပတ် စနေနဲ့ တနင်္ဂနွေနေ့မှ ပြန်ကောင်း လာနိုင်ဖွယ်ရှိတယ်လို့ PCD ကခန့်မှန်းထားပါတယ်။ 

မိုးလေဝသခန့်မှန်းသူတွေကတော့ ထိုင်းနိုင်ငံအနှံ့မှာ ပိုမိုအပူချိန်မြင့်မား နိုင်တယ်လို့ ခန့်မှန်းထားပြီး တချို့မြောက်ပိုင်းဧရိယာတွေမှာ အပူချိန် 40*C ထိတိုးမြင့်နိုင်သလို ထိုင်နိုင်ငံရဲ့အပူပြင်းဆုံးနေရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံမိုးဇလဦးစီးဌာနကတော့ ဒီသီတင်းပတ်ဘန်ကောက်မြို့ရဲ့ အမြင့်ဆုံး မာကျူရီ ဟာ 36 *C  အထိရှိနိုင်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

Ref:Bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.