ဘန်ကောက်- ဧပြီ(၇)

အင်ဒိုနီးရှားကဘာသာရေးဆရာတစ်ယောက်က ကျောင်းသူ(၁၃) ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။

ဟယ်ရီဝီရဝမ်လို့ အမည်ရတဲ့ အသက်(၃၆) နှစ်အရွယ်ကျောင်းဆရာဟာ ဘာသာရေးကျောင်းဖြစ်တဲ့ အစ္စလာမ့်ဘော်ဒါကျောင်းမှာ ကျောင်းသူတွေကို အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အစိုးရရှေ့နေတွေကတော့ သူ့ကို ဓာတုဆေးဝါးနဲ့ ကွပ်မျက်ဖို့ တောင်ဆိုအယူခံဝင်ထားတာ ရှိတယ်လို့ သိရပါတယ်။

“တရားလိုရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ကျွန်ုပ်တို့ လက်သင့်ခံပါသည်၊ တရားခံကို သေဒဏ်အထိ ပြစ်ဒဏ်ပေးပါမည်” လို့ အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းမြို့ တရားရုံး ၀က်ဘ်ဆိုက်တွင် မှာ ထုတ်ပြန်ထားပါတယ်။

တရားရုံးထုတ်ပြန်ချက်မှာ  ဝီရဝမ်ရဲ့အယူခံအတွက် မပါဝင်ခဲ့ဘူးလို့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် က AFP ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝီရဝမ်ရဲ့ နှိပ်စက်ညှဉ်းပန်းပြီး ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင်ခဲ့ ပြီး ကိုယ်ဝန်ရခဲ့တဲ့ ကျောင်းသူရဲ့ မိသားစုဝင်တွေက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တဲ့အမှုကို စစ်ဆေးရင်း တခြားအမှုတွေဆက်ပေါ်ပေါက်လာတာဖြစ်တယ်လို့သိရပါတယ်။

ဝီရဝမ်ဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုက ပညာသင်စရိတ်နဲ့ ကျောင်းတက်နေတဲ့ကျောင်းသူတွေကို (၅) နှစ်တာအဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့သိရပြီး အဲ့ဒီထဲက ကျောင်းသူ(၈)ယောက်လောက် ကိုယ်ဝန်ရခဲ့တယ်လို့ သိရပါတယ်။

“ကျွန်ုပ်တို့အနေနဲ့ တရားခံကို သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ထဲမှာတစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ဖို့နဲ့  ဓါတုဆေးဝါးနဲ့ ကွပ်မျက်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ လိုလားပါတယ်” လို့ကျူးလွန်ခံရသူ

တစ်ယောက်ရဲ့ ဦးလေးဖြစ်သူက AFP ကိုပြောပါတယ်။

အခုလိုစီရင်ချက်ချလိုက်တာဟာ ကျူးလွန်း ခံရသူတွေအတွက် တရားမျှတမှုရှိစေတယ်လို့ သူကပြောပါသေးတယ်။

အခုကိစ္စကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ လိင်အကြမ်းဖက်မှုပပျောက်ရေး ဥပဒေကြမ်းအတည်ပြုဖို့  ကြန့်ကြာနေတဲ့ ပါလီမန်အမတ်တွေအပေါ်လည်းဖိအားဝင်စေတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားမှာ ၂၀၁၆ ခုနှစ်က နောက်ဆုံး သေဒဏ်ပေး ကွပ်မျက်ခဲ့ပြီးနောက်မှာတော့ သေဒဏ်ပေး  ကွပ်မျက်တာကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားပညာရေးစနစ်မှာ  လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုနေတဲ့ ပြဿနာကို  မီးမောင်းထိုးပြခဲ့ပြီး တစ်နှစ်အတွင်းအမှု(၁၈) မှုမှာ (၁၄)မှုက အစ္စလာမ်ဘော်ဒါဆောင်တွေမှာ ဖြစ်ပွားနေတာဖြစ်တယ် လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘော်ဒါကျောင်း (၂၅၀၀၀)ကျော်ရှိပြီး ကျောင်းသား (၅)သန်းနီးပါးက ဘော်ဒါဆောင်တွေမှာ နေထိုင်ပြီး ပညာသင်ကြားနေကြတယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.