ဘန်ကောက် ၊ ဧပြီ ၇

 ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ် ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်က သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရလို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ပေါ်တက် ဓားနဲ့ခုတ်ခဲ့တဲ့ သတင်းဟာ ထိုင်းလူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်နေပါတယ်။

ဓားနဲ့ခုတ်တဲ့ အမျိုးသမီးဟာ အသက်( ၄၀ )အရွယ် အမ်း လို့အမည်ရသူဖြစ်ပြီး သူမဟာ အဆိုပါဇနီးမောင်နှံမှ ခင်ပွန်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ‘အဲ’နဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက မိတ်ဆွေဖြစ်နေကြပြီးနှစ်ယောက်လုံးမှာ လက်တွဲဖော်တွေကိုယ်စီရှိနေကြပေမယ့် အဲ က အမ်း ကို အတူနေပေးဖို့တောင်းဆိုခဲ့ဖူးပေမယ့် အမျိုးသားဘက်က အကြိမ်ကြိမ် ငြင်းဆန်ခဲ့နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူမကို ရှောင်နိုင်ဖို့အတွက် နောက်ဆုံးမှာ အမ်းဟာဘန်ကောက်မှ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပြီး ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပေမယ့် အမ်း ကတော့ ဒါကို လက်မလျှော့ဘဲ နွန်သဘူရီဒေသမှာရှိတဲ့ အဲရဲ့ဇနီးအိမ်ကိုသွားပြီး သူရဲ့ ဇနီးနဲ့ (၁၁)နှစ်အရွယ် သားငယ်ကိုလည်း လာရောက် ခြိမ်းခြောက်ခဲ့တယ်လို့ အဲက ပြောပါတယ်။

 အဲက သူ့ဇနီးနဲ့ သားဆီ ခဏပြန်လာချိန်မှာ သူမက သူ့ကိုခြေရာခံမိပြီး နောက်ကျောမှာ ဓားရှည်တစ်လက်ဖွက်ကာ အိမ်တံခါးကို လာခေါက်ခဲ့ပါတယ်။ တံခါးဖွင့်ပေးလိုက်ချိန်မှာ အမ်းက သူမဟာ အဲတို့ဇနီးမောင်နှံနဲ့ သုံးပွင့်ဆိုင်ချစ်တင်းနှောချင်တယ်လို့ ပြောခဲ့ပါတယ်။

အဲတို့ဇနီးမောင်နှံက ဒါကို ငြင်းဆန်လိုက်ချိန်မှာတော့ သူမက ဓားကိုင်ပြီး အဲတို့ ကိုဓားနဲ့ခုတ်ဖို့ကြိုး စားခဲ့တာပါ။ အဲရဲ့ ဇနီးသည်က ဒီဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူးထားခဲ့ပြီး လူမှုကွန်ရက်မှာ ဖြန့်ချိခဲ့ရာ က လူကြည့်အများဆုံးဖြစ်သွားခဲ့ပါတယ်။

အမ်းဟာပုံမှန်မဟုတ်ဘဲ စိတ်ရောဂါလက္ခဏာတွေ ရှိနိုင်တယ်လို့ လည်း သူမက လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲတို့စုံတွဲက ဒီကိစ္စကို ရဲမတိုင်ခဲ့ဘဲ ဘေးကင်းဖို့အတွက် အခြားပြည်နယ်သို့သာ ပြောင်းပြေးခဲ့တယ်လို့လည်း သိရပါတယ်။

Ref:THAIGER .com

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.