ဘန်ကောက်- ဧပြီ(၇)

ကိုကင်း ၅၀၀ ဂရမ် လက်ဝယ်ပိုင်ဆိုင်တယ်လို့ စစ်ဆေးပေါ်ပေါက်ပြီးနောက် အာရပ်စော်ဘွားများ ပြည်‌ထောင်စု ရုံးတော်တစ်ခုက အစ္စရေးအမျိုးသမီးတစ်ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။

အစ္စရေးမီဒီယာတွေက အစီရင်ခံထားသော ကီဝန် အမည်ရအမျိုးသမီးဟာအစ္စရေးမြောက်ဘက်ရှိ ဟိုင်ဖာမြို့မှာဓါတ်ပုံစတူဒီယိုတစ်ခု ပိုင်ဆိုင်ပြီး လွန်ခဲ့သောနှစ်အတွင်းက ဒူဘိုင်းမှာ အလုပ်လုပ်ဖို့   ရောက်လာခဲ့တာပါ။

 “ထိုအမှုဖြစ်စဥ်ဟာ လူသိများပြီး ကျွန်ုပ်တို့ ကောင်စစ်ဝန်နဲ့စော်ဘွားဒေသမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်စား  လှယ်‌တွေကတဆင့် အဲ့ဒီကိစ္စကို ကိုင်တွယ်နေပါတယ်။” လို့ အစ္စရေးနိုင်ငံခြား‌ရေးဝန်ကြီးဌာန  ကထုတ် ပြန်ထားပါတယ်။

သူမရဲ့တိုက်ခန်းထဲမှာ ကိုကင်းရှာတွေ့ခဲ့တယ်ဆိုပြီး ဒူဘိုင်းကိုရောက်ပြီး တစ်ပတ်အကြာမှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး သူကတော့ အဲ့ဒီမူးယစ်ဆေးတွေဟာ သူပိုင်ဆိုင်တဲ့အရာတွေ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

 အာရပ်စော်ဘွားဒေသ ဥပဒေအထူးပြု အစ္စ‌ရေး ရှေ့နေ Ziv Agmon က UAE ရုံးတော်က အဲ့ဒီအမှုကို  ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့မျှော်လင့်ခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၀ ခုနှစ်အတွင်းက လက်မှတ်ရေးထိုးထားတဲ့ အာဘရာဟမ်သဘောတူညီချက် အစိတ်အပိုင်းအဖြစ် အစ္စရေးနဲ့ UAEကြား သံတမန်ဆက်ဆံရေးတည်ဆောက်မှုကြောင့် UAE ကို အစ္စရေးဧည့်သည်တွေ ပိုမို ဝင်ရောက်လာကြတယ်လို့သိရပါတယ်။

UAE နိုင်ငံကိုလာရောက်ကြတဲ့  အစ္စရေးနိုင်ငံသားတွေထဲမှာ ခရီးသွားဧည့်သည်နဲ့ စီးပွားရေးလုပ်ငန်းရှင် တွေတော့မပါဘူးလို့သိရပါတယ်။

 “အစ္စရေးနိုင်ငံသား တွေပါဝင်တဲ့ ရာဇဝတ်ပြစ်မှုတွေ မြင့်တက်လာတာကို ကျွန်ုပ်တို့ ဒူဘိုင်းရုံးက သတိထားမိတယ်။ အစ္စရေးတွေအနေနဲ့လည်း ဒူဘိုင်းမှာရှိတဲ့ ဥပဒေအာဏာပိုင်တွေက မူးယစ်ဆေးကိစ္စတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်တယ်ဆိုတာကိုတော့ နားလည်ထားသင့်တယ်” လို့  အစ္စ‌ရေး ရှေ့နေ Ziv Agmon ကမှတ်ချက်ပေးပါတယ်။

အစ္စရေးမီဒီယာတွေက ဖော်ပြထားတဲ့ ဖီဒါကီဝန် အမည်ရ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကတော့ အဲ့ဒီပြစ်ဒဏ်အတွက် အသနားခံနေပါတယ်။  

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.