Radio Than Lwin Times(Episode 4/4)
Sound Cloud Link
Sound Cloud Link
ဘန်ကောက်- ဧပြီ(၅) မြန်မာနိုင်ငံမှာ ပြည်တွင်းငွေကြေးလဲလှယ်တာကို တစ်ရက်အတွင်းဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ပြောခဲ့ပြီး စစ်ကောင်စီက နိုင်ငံခြားငွေစီးဆင်းမှုတွေကို ပိုပြီးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ဗဟိုဘဏ်က မူဝါဒအသစ်တွေကို သီးခြားကင်းလွတ်ခွင့်ပြဌာန်းပြီး နိုင်ငံခြားက လွှဲပြောင်းလာတဲ့ ငွေကြေးတွေကို လိုင်စင်ရနိုင်ငံခြားငေံကြေးလဲလှယ်ကုန်သွယ်ရေးဘဏ်တွေကနေ လွှဲပြောင်းပေး ဖို့ပြောကြားခဲ့တာပါ။ စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ဥပဒေကိုလိုက်နာတာမရှိရင် နိုင်ငံခြားငွေကြေးလဲလှယ်ရေးစီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကို ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ မတ်လကလည်း အာဏာပိုင်တွေက ဒေါ်လာကိုမှီခိုမှုလျှော့ချဖို့နဲံ…
ဘန်ကောက်- ဧပြီ(၅) မြန်မာနိုင်ငံမှ သားရဲတိရိစ္ဆာန်တွေကို အွန်လိုင်းကနေတရားမဝင်ရောင်းဝယ်မှုတွေမြင့်တက်နေတဲ့အတွက် သားရဲမျိုးစိတ်တွေ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ သားရဲတိရိစ္ဆာန်ရန်ပုံငွေ(World Wild Fund) ရဲ့အစီရင်ခံစာတွေအရသိရပါတယ်။ အဒီအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲအဖြစ်နိုင်ငံရေးမငြိမ်သက်မှုအခြေအ ခြေအနေတွေကြောင့် တိရိစ္ဆာန်လွှဲပြောင်းရောင်းချတာတွေကို ဖိအားပေးတားဆီးတာအားနည်းတဲ့ အတွက် အခုလိုအခြေအနေဖြစ်နေတာလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အစီရင်ခံစာရဲ့ဖော်ပြချက်မှာတော့ ရောင်းဝယ်မှုတွေဟာ (၇၄)ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး မျိုးစိပ် (၁၇၃) မျိုးကိုရောင်းဝယ်ခဲ့ကြပြီး အဲ့ဒီထဲက (၅၄) မျိုးစိပ်ဟာ…
ဘန်ကောက်-ဧပြီ(၅) ယူကရိန်းနိုင်ငံ ဘူချာ မြို့မှာ သေဆုံးနေတဲ့ အရပ်သားတွေရဲ့ ဗီဒီယိုဖိုင်တွေရိုက်ကူးခဲ့တာဟာ ရုရှားနိုင်ငံကို အပြစ်ပုံချဖို့အတွက် အမေရိကန်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကုန်နဲ့ နေတိုးတို့က ပြဿနာကို ဦးဆောင်မီးမွှေးနေတာဖြစ်ပြီး သေဆုံးသွားတဲ့ အရပ်သားတွေ ရဲ့ ရုပ်ပံတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက အရေးတစိုက်ထုတ်ဖော်နေတဲ့ဇာတ်လမ်းတွေဟာ ရုရှားရဲ့ ဂုဏ်သိက္ခာကိုရှုတ်ချဖို့အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ…
မော်လမြိုင် ၊ ဧပြီ (၅) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် သာဂရမြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် စာရေးတချို့ နှုတ်ထွက်လာကြတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က စစ်ကောင်စီခန့် သာဂရမြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်နဲ့ အဖေဖြစ်သူ ဦးရွှေဦးတို့ နှစ်ယောက်ကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က…
မော်လမြိုင် ၊ ဧပြီ (၅) ကွင်းဆက် ဖမ်းဆီးမှုတွေ ရှိလာနိုင်တဲ့အတွက်ကြောင့် ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေ နေရာပြောင်း ရွှေ့နေထိုင်ကြဖို့နဲ့ လတ်တလော သုံးစွဲနေတဲ့ ဖုန်းနံပါတ်တွေကို ပြောင်းလဲ သုံးစွဲကြဖို့ CDM ရဲအရာရှိတွေက သတိပေးလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ထီးတန်းလမ်းနဲ့ဟုမ်းလမ်းကြားမှာ Free Tiger Ranger တပ်ဖွဲ့ဝင်တွေကို…
မော်လမြိုင် ၊ ဧပြီ (၅) တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် သရက်ချောင်း၊ ထားဝယ်၊ ရေဖြူ ၊ ပုလောနဲ့တနင်္သာရီမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ တဲထိုးနေထိုင်ရသလို အမိုးအကာ မလုံလောက်မှု ပြဿနာနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းမှာ အချိန်အခါ မဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ…
မော်လမြိုင် ၊ ဧပြီ (၅) ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးမှာ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။ အဲဒီနှစ်ဖက်တိုက်ပွဲကြောင့် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး ဆိပ်ဖူးတောင်ခြေဘက်မှာ ခရီးသည်တင် မှန်လုံယာဉ် တစ်စီး အပါအဝင် ကား…
မော်လမြိုင် ၊ ဧပြီ (၅) NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ နိုင်ငံရေးလမ်းပြ မြေပုံဆိုင်ရာ အဆိုပြုချက်ကို NUG အစိုးရနဲ့ စစ်ကောင်စီ အပါအဝင် ပါဝင်ပတ်သက်တဲ့ နိုင်ငံရေး အင်အားစု အားလုံးထံ တင်ပြသွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောပါတယ်။ ၆ ရက်ကြာ ကျင်းပခဲ့တဲ့ အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့…