ဘန်ကောက်၊ မတ် ၂၂

ဖွေထိုင်းပါတီ၏ ညီညွတ်မှုမြင့်တင်ရေး ကမ်ပိန်းတာဝန်ခံအဖြစ် တိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ အငယ်ဆုံးသမီး ဖယ်တုံတာန် ရှင်နာဝါထရာကို ခန့်အပ်လိုက်ကြပြီးနောက် လာမည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ လျာထား ချက်ရှိလာသည့် အခြေအနေဖြစ်လာခဲ့သည်။

တနင်္ဂ‌နွေနေ့က အူဒွန်ဌာနီ ခရိုင်ဒေသန္တရအတွင်း ကျင်းပသော ပါတီအစည်းအဝေးတွင် မစ္စဖယ်တုံတာန်ကို “ဖွေထိုင်းမိသားစု”ကမ်ပိန်း အကြီးအကဲအဖြစ် အမည်စာရင်းသွင်းခဲ့ပြီး ရွေးကောက်ပွဲတွင် အလုံးစုံအောင်နိုင် ပြီး အစိုးရတစ်ရပ်ဖွဲ့ရန် ကူညီသွားဖို့ ဆုံးဖြတ်ခဲ့သည်။

ယမန်နှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ခွန်ကဲ့ခရိုင်ဒေသန္တရတွင် ကျင်းပသော အထွေထွေညီလာခံတွင် သူမကို ဖွေထိုင်းပါတီ၏ ပူးပေါင်းပါဝင်ရေးနှင့် ဆန်းသစ်တီထွင်ရေးတွင် အကြီးတန်းအကြံပေးအဖြစ် ခန့်အပ် ခဲ့သည်။ 

နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဖီချိုင် ရတ်နာတီလာကာက ဘန်ကောက်ပို့စ်သတင်းဌာန သို့ ပြောကြားရာတွင် မစ္စ ဖယ်တုံတာန်မှ ဦးဆောင်ထားသည့် ဖွေထိုင်းပါတီ၏ နောက်ဆုံးပေါ် ကမ်ပိန်းများသည် ပါတီကိုယ်တိုင် နိုင်ငံအရေးအရ အများလေးစားမှုရ‌အောင် ဆောင်ရွက်သော နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပြီး သူမကို နောက်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ လွန်စွာ ဖြစ်နိုင်ချေရှိနေတာပါဟု ပါရှိသည်။

မစ္စတာ ဖီချိုင် က “ဖွေထိုင်းမိသားစုဆိုတဲ့ ကြွေးကြော်သံကို တစ်ပါတီတည်းက ဦးဆောင်တဲ့ အစိုးရ တစ်ရပ် ဖွဲ့စည်းရန် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိရေးကို ရည်ရွယ်ထားတဲ့ ပါတီကမ်းပိန်း အတွက်  ပုံဖော်အသုံးပြုထားတာဖြစ်တယ်။ ဒီပါတီစည်းရုံးရေးကမ်ပိန်းကလည်း  ခွဲထွက်သွားသော ပါတီဝင် ဟောင်းများနှင့် အခြားပါတီကနေ စွန့်ခွာလာသူများကို ပြန်လည်ခေါ်ဆောင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပြန် တယ်၊ သို့သော်လည်း ဒီကမ်ပိန်းတွေဟာ ရှင်ဝါထာနာမိသားစုရဲ့ အာဏာကို တောင့်တင်းခိုင်မာစေဖို့ အတွက်လည်း တည်ဆောက်ထားနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။  

“ဒီကမ်ပိန်းတွေဟာ မျိုးဆက်သစ်များရဲ့ စိတ်အ‌နေအထားနဲ့ အံ့ဝင်ခွင်ကျဖြစ်မယ်လို့တော့ ကျွန်ုပ် မထင်ဘူး။ ဒီ သက်ဆင်မိသားစုရဲ့ အရင်းခံအကြောင်းတရားမှာကိုက တော်တော်လေး ရှေးရိုးစွဲတဲ့အနေအထားနှင့် အတူ လူငယ်တွေဆီက အားပေးထောက်ခံမှုရဖို့ ခက်လိမ့်မယ်။ လူငယ်တွေက မိသားစုအသင်းအပင်းရဲ့ အကြောင်းအရင်းခံထက် ကိုယ်ပိုင်ဟန်ကိုပဲ တိမ်းညွှန့်ယုံကြည်ကြလို့ပဲ” ဟု မစ္စတာဖိချိုင်က ပြောကြားခဲ့ သည်။ 

ဖွေထိုင်းပါတီကို ကျေးလက်ဒေသရှိ လူအများအပြားက အခြေခံအားဖြင့်ထောက်ခံကြပြီး အထူးသဖြင့် အရှေ့မြောက်ဒေသမှဖြစ်ကြသည်။

ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရလို လျှင် လူကြီးနှင့် လူငယ်မျိုးဆက် နှစ်ခု စလုံးမှ ထောက်ခံအားပေးမှုကို ရယူရန် ဆောင်ရွက်သင့်သည်။ သို့သော် ပါတီအနေဖြင့် (နဂို) အယူအဆကို ဆွဲကိုင်ထားမယ်ဆိုရင် လွှတ်တော်ထိုင်ခုံ ၂၅၀ ကျော်ကို အနိုင်ရရှိဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး” ဟု မစ္စတာ ဖိချိုင်းက ပြောကြားခဲ့သည်။ 

“သို့သော်လည်းပဲ ဖွေထိုင်းပါတီက နောက်ရွေးကောက်ပွဲမှာမဲအများဆုံးရမယ်လို့တော့ ကျွန်ုပ်ယုံကြည်တယ်၊ သို့သော်လည်း ၎င်းကိုယ်တိုင် ဖွမ်ကျိုင်းထိုင်းပါတီလိုမျိုး အခြားပါတီတွေနဲ့ မဟာမိတ်ဖွဲ့သင့်တယ်။ အကယ်လို့‌ဖွေထိုင်းနှင့် ၎င်း၏ မဟာမိတ်များက အနည်းဆုံး ၃၇၅ ဦး ပါလီမန်အမတ်ဖြစ်ပြီးဆိုတာနဲ့ သူတို့သေချာပေါက်အစိုးရဖွဲ့လိုရနိုင်တယ်”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

Rangsit တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံ ကထိက ဝန်ဝီချစ် ဘွန်ပရွန်က မစ္စဖယ်တုံတာန်ကို နောက်ရွေး ကောက်ပွဲအတွက် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းသွင်းဖို့ လျာထားခဲ့တယ်။ နောက်ဆုံးအကြိမ် ပြုလုပ်နေတဲ့ ပါတီကမ်ပိန်းဆိုတာလည်း အထူးသဖြင့် ပါတီကို ထွက်ချင်နေတဲ့ လူအများ အကြား ယုံကြည်မှုကို ပြန်ရ‌အောင် လုပ်ဖို့ လုပ်နေတာဖြစ်တယ်။ မစ္စ ဖယ်တုံတာန်ကို ပွဲထုတ်လိုက်တာက တော့ လူငယ်မျိုးဆက်တွေကို အံ့အားသင့်စေဖိုလုပ်ဖို့ ရည်ရွယ်ထားခဲ့တာပဲ” ဟု ပြောကြားခဲ့သည်။ 

“ဒါက ဖွေထိုင်းရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်နိုင်တယ်။ အကယ်လို့ မစ္စဖယ်တုံတာန်ကို ဝန်ကြီးချုပ်ကိုယ်စား လှယ်လောင်အဖြစ် အမည်စာရင်းတင်သွင်းမယ်ဆိုရင် ဒါက ဘာကိုအဓိပ္ပါယ်ဖွင့်နေတာလဲဆိုတော့ ကိုယ်စား လောင်းနေရာအတွက် ထူးချွန်မှုရှိတဲ့လူကို ပါတီအနေနဲ့ ထပ်ပြီးရှာမတွေ့တော့လို့ပဲ” ဟု အဆိုပါ ကထိက က ပြောကြားခဲ့သည်။ 

သို့သော်ငြားလည်း ဘန်ကောက်ရှိ မဲဆန္ဒရှင်အများစုက ဖွေထိုင်းပါတီသည် ရှင်နာဝါထရာမိသားစုရဲ့ ပိုင်ဆိုင်မှု တစ်ခုဟု ခံစားရပြီး ထိုအခြေအနေသည် ပါတီအတွက် ဘန်ကောက်နေထိုင်သူများဆီမှ အသိအမှတ်ပြုမှု ပြန်လည်ရရှိရန် ခက်ခဲစေသည်ဟု ကထိက ဝန်ဝီချစ်က ပြောကြားခဲ့သည်။ 

‌ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.