ဖနွမ်ပင်၊ မတ် ၂၂

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ဖိုမီယို ကီရှိဒါနဲ့ ဆွေးနွေးဘက် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်တို့ တွေ့ဆုံပွဲ ကနဦးအစမှာပဲ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်ရန်စမှုများနှင့် ပတ်သက်ပြီး ကိုင်တွယ်ရာမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ဖနွမ်းပင်မှာ ပြုလုပ်တဲ့ တွေ့ဆုံမှုတွင် ကီရှီဒါ နှင့် ဟွန်ဆန် တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံ မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ယခုနှစ် အာဆီယံဥက္ကဌ ကမ္ဘောဒီး ယားနိုင်ငံ၏ ကြိုးပမ်းမှုများကို ဆွေးနွေးခဲ့တယ်လို့ ဂျပန်အစိုးရအရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက် တိုကျိုသည် အာဆီယံ အဖွဲ့ဝင်များမှ ရုရှားရဲ့ လုပ်ရပ်အပေါ် ရည်တည်ချက် ပြတ်ပြတ်သားသား မချမှတ်ရသေးခင်မှာဘဲ မော်စကိုအား အမေရိကန်နှင့် အခြားသော အဓိကနိုင်ငံကြီးခုနစ်နိုင်ငံတို့နှင့်အတူ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ယခုလအစောပိုင်းတွင် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် ဂျပန်နှင့်အတူ ပူးတွဲပံ့ပိုးကူညီသည့်နိုင်ငံ ၁၀၀ နီးပါးရှိသည့်အနက် ယူကရိန်းအပေါ် ရုရှား၏ရန်လိုမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကမ္ဘောဒီးယားက ထောက်ခံမဲပေးခဲ့ပါသည်။ ၎င်းဆုံးဖြတ်ချက်သည် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၁ ဦးက အတည်ပြုချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား၊ ထိုင်းနှင့် စင်္ကာပူတို့ အပါအဝင် အခြားအာဆီယံ ၇ နိုင်ငံက အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ပြီး ဆိုဗီယက်ယူနီယံ လက်ထက်ကတည်းက ရုရှားနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဗီယက်နမ် သည် လာအိုနှင့်အတူ ကောင်စီ၏ မဲခွဲဆုံးဖြတ်မှုတွင် ကြားနေခဲ့သည်။

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်မှုသည် နိုင်ငံတကာဥပဒေကို ပြင်းထန်စွာချိုးဖောက်မှုအဖြစ် ဂျပန်က ရှုတ်ချခဲ့သည်။

ယခု ကမ္ဘောဒီးယား တွေ့ဆုံပွဲသည် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ပရော့ဆာခွန် ရဲ့ အာဆီယံ အထူး သံတမန်အဖြစ် မြန်မာနိုင်ငံကို တနင်္လာနေ့ကနေ သုံးရက်ကြာ ခရီးစဉ်မတိုင်ခင်က ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားသည် မြန်မာနိုင်ငံ၏အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ထိရောက်တဲ့ သံတမန် နည်းလမ်းကို ကျင့်သုံးခဲ့သည်။ ဟွန်ဆန်သည် ဇန်နဝါရီတွင် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်သို့ သွားရောက် ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားခေါင်းဆောင် ဖြစ်လာခဲ့ပါသည်။

ကီရှိဒါ နှင့် ဟွန်ဆန် တို့သည် နှစ်နိုင်ငံလုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကတိပြုဖွယ် ရှိပြီး ယခုနှစ်တွင် ဂျပန်နိုင်ငံမှ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကမ္ဘောဒီးယားသို့ စေလွှတ်ခြင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့လည်းဖြစ်ပြီး ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.