ဒေးဗစ်ဘက်ခမ်းဟာသူ့ရဲ့ဖော်လိုဝါ (၇၁.၅)သန်းရှိတဲ့ အင်စတာဂရမ်အကောင့်ကို ယူကရိန်းပြည်သူတွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်နိုင်ဖို့အတွက် ဟခိဗ်မြို့က ယူကရိန်းဆရာဝန်ကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ကမ္ဘာကျော်ဘောလုံးသမားဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း ရဲ့ အင်စတာဂရမ် စတိုရီမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ တစ်ရက်လုံး ပဋိပက္ခတွေကြားမှာ တစ်ရက်တာ အလုပ်ခွင်အတွင်း ဒေသဆိုင်ရာ မွေးကင်းစကလေးဌာနအကြီးအကဲဖြစ်သူ ကလေးမေ့ဆေးဆရာဝန် Iryna တို့ရဲ့အကြောင်းအရာဗီဒီယို နဲ့ဓာတ်ပုံတွေ ပဲတင်ခဲ့တယ်လို့ သိရပါတယ်။

Iryna ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်စတာဂရမ်မှာ ရှရှားကျူးကျော်စစ် ပထမနေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဘေးလွတ်ရာရွှေပြောင်းပေးခဲ့တဲ့ ကျဉ်းမြောင်းသော မြေအောက်ခန်းပုံကို ဖော်ပြခဲ့ပါသေးတယ်။

ဒါ့အပြင် UNICEF က လှုဒါန်းထားတဲ့ အောက်ဆီဂျင်းစက်တွေကိုအသုံးပြီးပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတဲ့ မွေးကင်းစကလေးတွေရဲ့ ဓာတ်ပုံတွေကိုတင်ခဲ့ပြီး ဗီဒီယိုဖိုင်တစ်ခုမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့မွေးဖွားလာတဲ့ ကလေးကိုချီထားပြီး နေအိမ်ပျက်ဆီးသွားတဲ့ မိခင်ဖြစ်သူ Yana ရဲ့မှတ်တမ်းကိုလည်းဖော်ပြခဲ့ပါတယ်။

“ ကျွန်မတို့ (၂၄)နာရီအလုပ်လုပ်နေပါတယ် ကျွန်မတို့အသက်အန္တရာယ်ဖြစ်နိုင်ပေမယ့် အဲ့ဒါကိုလုံးဝမစဉ်းစားပါဘူး ငါတို့က ငါတို့အလုပ်ကိုချစ်တယ် ဒီမှာ ဆရာဝန်တွေနဲ့သူနာပြုတွေအတွက် ငါတို့စိုးရိမ်တယ်၊ ငါတို့ငိုတယ် ဒါပေမယ့်ငါတို့ဘယ်သူ့မှာ အရှုံးမပေးဘူး” လို့ Iryan ကပြောပါတယ်။

UNICEF သံတမန်တစ်ယောက်ဖြစ်တဲ့ ဘက်ခမ်းက ယူကရိန်းမှာလုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့အတွက် သောက်ရေ၊အစားအစာတွေရရှိဖို့နဲ့သားဖွားဆေးရုံတွေကို အဆင်သင့်အသုံးပြုနိုင်တဲ့ ကိရိယာတွေ ပိုဆောင်ပေးပြီးကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့အကူအညီလို အပ်တာတွေအတွက် လှူဒါန်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

“သင်တို့လှူဒါန်းခဲ့တဲ့ အောက်ဆီဂျင်စက်တွေက မွေးကင်းစ ကလေးငယ်တွေကို အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှင်သန်နိုင်အောင်ကူညီပေးနေပါတယ်” လို့ ဘက်ခမ်းက ပြောပါတယ်။

ယူကရိန်းနိုင်ငံကို ရှရှားက သီတင်းပတ်သုံးပတ်ကြာ အဆက်မပြတ်တိုက်ခိုက်နေပြီး စစ်ပွဲကြောင့်အရပ်သား(၁၀)သန်းလောက်ဟာ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေရပြီး နိုင်ငံတွင်းက လူဦးရေ(၆)သန်းလောက်ဟာ အိုးအိမ်တွေကိုစွန့်ခွါထွက်ပြေးနေရပြီး ထွက်ပြေးနေရတဲ့လူစုစုပေါင်းဟာ နိုင်ငံလူဦးရေရဲ့လေးပုံတစ်ပုံဖြစ်တယ်လို့ သိရပါတယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.