ကိဗ်၊ မတ် ၁၉

ယူကရိန်းသမ္မတ ဇာလန်းစကီးက မော်စကိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ဖို့ စနေနေ့က တောင်းဆိုခဲ့ပြီး ရုရှားသည် စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရသည့် ထိခိုက်ပျက်စီးမှုများကို ပြန်လည် ကုစား ဖို့ရန်အတွက် မျိုးဆက်ပေါင်းများစွာ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇယ်လန်းစကီးက ယူကရိန်းသည် ငြိမ်းချမ်းရေးအတွက် အဖြေရှာရန် အမြဲတမ်း ကမ်းလှမ်းခဲ့ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အဓိပ္ပါယ်ရှိပြီး ရိုးသားပွင့်လင်းမှုရှိတဲ့ စေ့စပ်ညှိနှိုင်းမှုများကို နှောင့်နှေးခြင်းမရှိပဲ ပြုလုပ်ရန် လိုလားကြောင်း ပြောကြားခဲ့သည်။

“အခုတော့ လူတိုင်းကို နားထောင်စေချင်တယ်၊ အထူးသဖြင့် မော်စကိုကလူတွေကို ကြားစေချင်တယ်။ တွေ့ဆုံ ဆွေးနွေးဖို့ အချိန်ကျပြီ၊ စကားပြောဖို့အချိန်ရောက်ပြီ” “ယူကရိန်းအတွက် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှု နှင့် တရားမျှတမှုကို ပြန်လည်ရယူရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သို့မဟုတ်ပါက ရုရှား၏ ဆုံးရှုံးမှုများ ပြန်လည်ကုစားရန် မျိုးဆက်ပေါင်းများစွာ အချိန်ယူသွားရလိမ့်မယ်” ဟု စနေနေ့အစောပိုင်းက ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် သူက ပြောကြားခဲ့သည်။

နှစ်ဘက်စလုံးသည် ရက်သတ္တပတ်များစွာကြာအောင် ဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်မှုအရိပ်အယောင် တစ်စုံတစ်ရာမှ မရှိသေးပါ။ 

ရုရှားတပ်ဖွဲ့များသည် တိုက်ခိုက်ခံနေရသော မြို့များသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ရေးပစ္စည်းများ ပေးပို့မှုကို တမင်တကာ ပိတ်ဆို့ထားကြောင်း ဇာလန်းစကီး က ပြောကြားခဲ့ပါသည်။

“ဒါက တမင်တကာလုပ်တဲ့ ဗျူဟာတစ်ခုပါ… ဒါက စစ်ရာဇ၀တ်မှုဖြစ်ပြီး အဲဒါအတွက် သူတို့ ၁၀၀ ရာနှုန်း အဖြေပေးရမှာပါ” ဟု ၎င်းက ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင် လူပေါင်းရာနှင့်ချီ၍ ခိုလှုံရာနေရာဖြစ်သည့် မာရီယူပူးမြို့ရှိ ပြဇာတ်ရုံတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး လူမည်မျှသေဆုံးခဲ့သည်နှင့် ပတ်သက်၍ သတင်းမရရှိကြောင်းနှင့် ယခုအချိန်အထိ လူပေါင်း ၁၃၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်းဇယ်လန်းစကီးက ပြောပါသည်။

ဘာသာပြန် – အာသစ်

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.