ဝါရှင်တန်၊ မတ် ၁၈

ကမ္ဘောဒီးယား အာဆီယံဥက္ကဋ္ဌက ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် ဝါရှင်တန်နှင့် အာဆီယံထိပ်သီး အစည်း အဝေးကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်များအားလုံး မတက်ရောက်နိုင်သောကြောင့် ရွှေ့ဆိုင်းလိုက်ပြီးနောက် ထပ်မံကျင်းပမည့်ရက်အသစ်အတွက် ဆွေးနွေးနေကြောင်း အိမ်ဖြူတော်က မတ် ၁၇ ရက်တွင် ပြောကြားခဲ့ သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အာဆီယံ အထူးထိပ်သီးအစည်းအဝေး ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြီးခဲ့သည့်လတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရော့ဆာခွန်က အာဆီယံခေါင်းဆောင်အချို့ အဆိုပြုထားသည့်နေ့တွင် မတက်ရောက်နိုင်သောကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက ရွှေ့ဆိုင်းလိုက်သည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူက ဘိုင်ဒင်သည် အာဆီယံ ခေါင်းဆောင်များကို ဝါရှင်တန်သို့ ဖိတ်ခေါ်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

“ဖိတ်ကြားထားတဲ့ အာဆီယံခေါင်းဆောင်တွေ အားလုံးပါဝင်နိုင်စေဖို့နှင့် ဒီအစည်းအဝေးအတွက် သင့်လျော်မဲ့ ရက်စွဲတွေကို သတ်မှတ်ဖို့ အာဆီယံမိတ်ဖက်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်၏ ကြီးထွားလာနေသော ပါဝါကို ပြန်လည်တွန်းလှန်ရန်အတွက် အရေးပါသည်ဟု ရှုမြင်သည့် ဝါရှင် တန်နှင့် ဒေသဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန် အမေရိကန်၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းထိပ်သီးဆွေးနွေးပွဲပြုလုပ်ခြင်း ဖြစ်သည်။

အိမ်ဖြူတော်က ထိပ်သီးဆွေးနွေးပွဲကို “အဓိကဦးစားပေး” သတ်မှတ်ဖော်ပြပြီး အမေရိကန်-အာဆီယံ တို့၏ ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါတယ်။

စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးနောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားပြီး အာဆီယံရဲ့ ဦးဆောင်မှုနောက်ကို လိုက်သွားမယ်လို့လည်း သူက ပြောပါတယ်။

အရပ်သား ရာနှင့်ချီ သေဆုံးပြီး ၃၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် နိုင်ငံတွင်း ပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်ရေး သဘောတူညီချက်ကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကြောင့် မြန်မာစစ်ကောင်စီသည် ပြီးခဲ့သောနှစ်ကတည်းက ထိပ်သီးအစည်းအဝေးများမှ တက်ရောက်ခြင်းကို တားမြစ်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။

ဘာသာပြန် – အာသစ်

Ref: CAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.