မော်လမြိုင် ၊ မတ် (၁၉)

မွန်နိုင်ငံရေးပါတီ တစ်ခု ဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ပထမအကြိမ် ညီလာခံကို မတ်လ ၁၈ ရက်နေ့ကစပြီး မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်မှာ စတင် ကျင်းပနေပါတယ်။

ဒီညီလာခံမှာတော့ ပါတီဗဟိုကော်မတီက တင်သွင်းလာတဲ့ အစီရင်ခံစာ အပါအဝင် ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပါတီရှေ့လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ပြီး ဆွေးနွေး အတည်ပြုသွားဖို့ ရှိနေတာပါ။

မတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၃ ရက်တာ ကျင်းပမယ့် ဒီညီလာခံမှာတော့ ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့၊ ဗဟိုကော်မတီအဖွဲ့ဝင်တွေအပြင် ပါတီ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ အပါအဝင် အတွင်းရေးမှူးအဖွဲ့ကိုလည်း ရွေးချယ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။



မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက်ကြောင့် ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယိတမတို့ဟာ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်တို့မှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၁၂ နေရာထိ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မွန်ညီညွတ်ရေးပါတီက အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက်ကြောင့် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ပါတီဝင် ၁၀၀ ကျော် နှုတ်ထွက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.