တိုကျို၊ မတ် ၁၈

ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှိဒါ ဖူမီအိုသည် အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ သုံးရက်ကြာ အလည် အပတ် ခရီးစဥ်အဖြစ် စနေနေ့မှ စတင်သွားရောက်မည်ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်သည် ယူကရိန်းရှိ အ‌‌ခြေအနေများကို ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ထိုနိုင်ငံများ၏ ခေါင်းဆောင်များနှင့်အတူ ပူးပေါင်း‌ဆောင်ရွက်မှုကို အတည်ပြုနိုင်ရန် အတွက်ဖြစ်သည်ဟု မျှော်မှန်းရ သည်။ 

ဂျပန်အစိုးရအဖွဲ့ အကြီးတန်းအတွင်းရေးမှူး မတ်ဆူနို ဟီရိုကာဇူဇူ ၏ သောကြာနေ့ကြေငြာချက်အရ ကီရှီဒါသည် အလည် အပတ်ခရီးစဥ်အတွင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ကို တွေ့ဆုံမည် ဟု သိရသည်။ 

မတ်ဆူနို က ကီရှီဒါသည် မိုဒီနှင့် နှစ်ဖက်သဘောတူညီမှုများကို အရှိန်အဟုန်မြင့်တင်နိုင်ရန် ဆောင်ရွက် မည်ဟု ပြောကြားခဲ့သည်။ ယခုနှစ်သည် ဂျပန်နှင့် အိန္ဒိယအကြား သံတမန်ဆက်ဆံ‌ရေးတည်ဆောက်မှု ၏ အကြိမ် ၇၀ မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ 

ကီရှိဒါသည် အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ သာမက ဂျပန်နှင့် အိန္ဒိယတို့ပါဝင်သော Quad မူဘောင်အောက်မှ ပိုမိုနီးစပ်သော ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုနိုင်ရန်အတွက်လည်း စီစဥ်ထား သည်။ 

ဂျပန်ဝန်ကြီးချုပ်သည် အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ရာတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ရှုမြင်နိုင်ရေးအတွက် လည်းရှိသည်ဟု ဂျပန်အစိုးရအဖွဲ့  အကြီးတန်းအတွင်းရေးမှူး မတ်ဆူနိုက မှတ်ချက်ပြုပြောကြား ခဲ့သည်။ 

‌ဘာသာပြန် – အောင်မျိုးမြတ် 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.