March 19, 2022

ဂျပန်ဝန်ကြီးချူပ် အိန္ဒိယနှင့် ကမ္ဘောဒီးယားသို့ သုံးရက်ကြာ သွားရောက်မည်

တိုကျို၊ မတ် ၁၈ ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှိဒါ ဖူမီအိုသည် အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ သုံးရက်ကြာ အလည် အပတ် ခရီးစဥ်အဖြစ် စနေနေ့မှ စတင်သွားရောက်မည်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်သည် ယူကရိန်းရှိ အ‌‌ခြေအနေများကို ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ထိုနိုင်ငံများ၏ ခေါင်းဆောင်များနှင့်အတူ ပူးပေါင်း‌ဆောင်ရွက်မှုကို အတည်ပြုနိုင်ရန် အတွက်ဖြစ်သည်ဟု မျှော်မှန်းရ သည်။ ဂျပန်အစိုးရအဖွဲ့ အကြီးတန်းအတွင်းရေးမှူး မတ်ဆူနို ဟီရိုကာဇူဇူ ၏…

ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရ၊ ရဲတပ်ဖွဲ့ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မော်လမြိုင်၊ မတ် ၁၉ ကျိုက်မရောမြို့နယ်က အတ္ထရံတံတား(ချောင်းနှစ်ခွ)ရဲကင်းဂိတ်စခန်းဟာ ဒီမနက်ပိုင်းက တိုက်ခိုက်ခံရပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၆ နာရီခွဲအချိန်ကစပြီး ချောင်းနှစ်ခွတံတားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့တာပါ။ ချောင်းနှစ်ခွတံတားအပြင် ချောင်းနှစ်ခွနဲ့ တောင်ကလေးကြားမှာရှိတဲ့ လက်ပူးကုန်နေရာမှာလည်း ထိတွေ့ပစ်ခတ်မှုတွေ…

လေးကေကော်မြို့ရှိ နေအိမ်တွေမှာ စစ်ကောင်စီတပ်က ပစ္စည်းခိုးယူပြီး မီးရှို့ဖျက်ဆီးတွေ လုပ်ဆောင်နေ

လေးကေကော်၊ မတ် ၁၉ ကေအဲန်ယူ ဒူးပလာယာခရိုင် လေးကေကော်မြို့မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့မှာ စစ်ကောင်စီတပ်က ပစ္စည်းခိုးယူပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ထုတ်ပြန်လိုက်တာပါ။ လေးကေကော်မြို့ထဲကို ဝင်ရောက်အခြေချ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဟာ မြို့တွင်းမှာရှိတဲ့ နေအိမ်တချို့မှာ ပစ္စည်းခိုးယူပြီးနောက် မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လေးကေကော်ဒေသခံတွေအဆိုအရ စစ်ကောင်စီ တပ်စွဲထားတဲ့ ကာလအတွင်း…

မွန်ညီညွတ်ရေးပါတီ ပထမအကြိမ် ညီလာခံ စတင် ကျင်းပနေ

မော်လမြိုင် ၊ မတ် (၁၉) မွန်နိုင်ငံရေးပါတီ တစ်ခု ဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ပထမအကြိမ် ညီလာခံကို မတ်လ ၁၈ ရက်နေ့ကစပြီး မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်မှာ စတင် ကျင်းပနေပါတယ်။ ဒီညီလာခံမှာတော့ ပါတီဗဟိုကော်မတီက တင်သွင်းလာတဲ့ အစီရင်ခံစာ အပါအဝင် ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပါတီရှေ့လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ပြီး…