ဘန်ကောက်၊ မတ် ၁၈

China’s Sinovac Biotech Ltd ၏ ကာကွယ်ဆေး နှစ်ကြိမ်ကို ထိုးနှံထားသော ကလေးငယ်များသည် အိုမီခရွန်ကူးစက်ခံရမှု ကာကွယ်ရေးနှင့် ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအပေါ် မြင့်မားတဲ့ ကာကွယ်မှု “သင့်တင့်ရုံမျှသာ”  ရှိခဲ့ကြောင်း ချီလီနိုင်ငံမှ လေ့လာမှုတစ်ခုက ပြသခဲ့သည်။

သုတေသီများက အသက် ၃ နှစ်မှ ၅ နှစ်ကြား ကလေးငယ်ပေါင်း ၄၉၀၀၀၀ ခန့်ကို ခြေရာခံခဲ့ရာ Sinovac ဆေးထိုးနှံခြင်းသည် ပျမ်းမျှအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ခြင်းကို ထိရောက်မှုနှုန်း ၃၈ ရာနှုန်း၊ ဆေးရုံတင်ရနှုန်း ၆၅ ရာနှုန်းနှင့် အထူးကြပ်မတ်ကုသဆောင်သို့ တက်ရောက်ကုသရနှုန်း 69% ဆန့်ကျင်နိုင်သည်ဟု ခန့်မှန်းကြ သည်။

ဒီလေ့လာမှုကို ချီလီနိုင်ငံမှာ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလကြားက အိုမီခရွန် ဖြစ်ပွားစဉ်အတွင်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး အများစုကတော့ ဒေသတွင်း တက္ကသိုလ်တွေအပြင် နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနအတွက် လုပ်ဆောင် နေတဲ့ သုတေသီတွေက ပြုလုပ်ခဲ့တာဖြစ်သည်။

သုတေသနတွင်ဖော်ပြထားသည့် ရလဒ်များအရ ကူးစက်နိုင်သောဗီဇမျိုးကွဲတွင် ကာကွယ်ဆေးကြောင့် ရွယ်တူ ချင်းကြား ကြုံတွေ့ရခြင်းကို သိမြင်နိုင်သည့် လေ့လာမှုကို မလုပ်ဆောင်ရသေးသော်လည်း အိုမီခရွန် ပြန့်ပွား မှုကြောင့် ကလေးဆေးရုံတက်ရောက်ရသည့် အရေအတွက်ပိုမိုများပြားလာပြီး ကလေးများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ ထိရောက်မှုအခြေအနေကို ၎င်းတို့က မီးမောင်းထိုးပြခဲ့သည်။

ဒယ်လ်တာ မျိုးကွဲဗီဇ ပြန့်ပွားမှုများနေချိန် လေ့လာချက်အရ ကလေး ၆ နှစ်မှ ၁၆ နှစ်ကြားရှိ Sinovac ကာကွယ် ဆေး နှစ်ကြိမ်ထိုးနှံခြင်း၏ ထိရောက်မှုသည် ခန့်မှန်းထားသော နှုန်းစံများထက် သိသိသာသာ နည်းပါးပါသည်။

ထိုလေ့လာမှုတွင် ခန့်မှန်းခြေ ထိရောက်မှုမှာ ကိုဗစ်-၁၉ ကို ၇၅ ရာခိုင်နှုန်း၊ ဆေးရုံတက်ကုသခြင်းအတွက် ၉၁ ရာခိုင်နှုန်းနှင့် ICU သို့ တက်ရောက်ခြင်းအတွက် ၉၄ ရာခိုင်နှုန်းတို့ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းမှ ဓာတ်ခွဲခန်းလေ့လာမှုများက အိုမီခရွန်သည် ပိုမိုအားကောင်းသည့် RNA ထိုးချက်များအပါအဝင် အမျိုးမျိုးသော ကာကွယ်ဆေးများ၏ ထိရောက်မှုကို သိသာထင်ရှားစွာ အားလျော့စေနိုင်ကြောင်း ပြသခဲ့သည်။

ဟောင်ကောင်မှ သုတေသနပြုချက်အရ ခန္ဓာကိုယ်အတွင်း ခုခံစွမ်းအား ဆဲလ်များ တိုးမြှင့်ပေးသည့် mRNA ကာကွယ်ဆေး၏ Booster ဆေးသည် အိုမီခရွန်မျိုးစိတ်ကို ဆန့်ကျင်နိုင်သည့် အဆင့်ကို မြှင့်တင်ပေး နိုင်သော်လည်း Sinovac ၏ တတိယမြောက် Booster ထိုးချက်သည် မအောင်မြင်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

Sinovac သည် မတ်လလယ်အထိ ဆေးပမာဏ သန်း ၂၆၀ ကျော်ဖြင့် ကမ္ဘာပေါ်တွင် အသုံးအများဆုံး တစ်ခုဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးကို ကလေးငယ်များအတွက် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ထိုင်းနှင့် ဘရာဇီးအထိ နယ်မြေ ၁၄ ခုတွင် အသုံးပြုရန်လည်း ခွင့်ပြုထားကြောင်း ကုမ္ပဏီမှ သိရသည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.