အမ်မာဒဘက်၊ မတ် ၁၈

အိန္ဒိယနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂလိက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သောကြောင့် အသက် ၁၂ နှစ် မှ ၁၄ နှစ် အကြား အငယ်ပိုင်းလူဦးရေများအတွက် ကိုဗစ် ကာကွယ်ဆေးထိုးနှံမှု ဗုဒ္ဓဟူး နေ့တွင် စတင်နိုင်ရန် စီစဥ်လျှက်ရှိသည်။  

အိန္ဒိယအစိုးရသည် ရောဂါအခံအခြေအနေတစ်ရပ်ရှိသော အသက် ၆၀ အထက် လူဦးရေများတွင် အား ဖြည့်ကာကွယ်ဆေးထိုးနှံပေးခြင်း ကန့်သတ်ထားရမှ ဖြေလျှော့ခဲ့ခြင်းအားဖြင့် ကာကွယ်ဆေး လွှမ်းခြုံမှု ကို ချဲ့ထွင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်။ 

ဝန်ကြီးချူပ်မိုဒီက “အိန္ဒိယ၏ ကြိုးပမ်းအားထုတ်မှုများအနက်မှ အရေးကြီး နေ့တစ်နေ့ဖြစ်တဲ့ ဒီနေ့မှာ ကျွန်ုပ်တို့ရဲ့ နိုင်ငံသားတွေကို ကာကွယ်ဆေးထိုးပေးသွားမှာပါ” ဟု ယင်း၏ တွစ်တာစာမျက်နှာ တွင် ပြောကြားခဲ့သည်။ 

အစိုးရအဖွဲ့ခန့်မှန်းထားသည့် ၅၀ မီလီယမ် အရေအတွက်ရှိသော ကလေးသူငယ်များကို Biological E ကုမ္ပဏီထုတ် Corbevax ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး အရေးပေါ်အခြေအနေအတွင်း ကလေးများအတွက် အသုံးပြုရန်အတွက် အတည်ပြုချက်ရရှိထားပြီးဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့အထိ ကူးစက်မှုဖြစ်ရပ်အသစ်မှာ ၂၈၇၆ ဦးရှိပြီး စုစုပေါင်း အိန္ဒိယနိုင်ငံ၏ ကိုဗစ်ကူးစက်မှု ဖြစ်စဥ် ၄၂,၉၉၈,၉၃၈ ဦးအထိရှိပြီး သေဆုံးမှုမှာ ၅၁၆,၀၇၂ ဦးအထိရှိသည်ဟု အိန္ဒိယနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.