မော်လမြိုင် ၊ မတ် (၁၈)

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ပြည်နယ်၊ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတွေကို သေနတ် တစ်လက်စီ ထုတ်ပေးထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတွေအနေနဲ့ လုပ်ကြံမခံရအောင်နဲ့ မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက်ဆိုပြီး ပစ္စတို သေနတ် တစ်ယောက် တစ်လက်စီ ထုတ်ပေးထားတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ မကြာခဏဆိုသလို လုပ်ကြံခံရပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတွေကို သေနတ်ထုတ်ပေးလာတာ ဖြစ်ပါတယ်။

ဒီသေနတ်တွေကိုတော့ အခုလ ပထမအပတ်တုန်းက စတင် ထုတ်ပေးခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပစ္စတိုသေနတ်တွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တစ်ခုတည်းကိုသာ ထုတ်ပေးထားတာ ဖြစ်ပြီး ကျန်တဲ့ဌာနဆိုင်ရာ အကြီးအကဲတွေကိုတော့ သေနတ်ထုတ်ပေးထားတာ မရှိဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရတာ ဖြစ်ပြီး အဲဒီထဲမှာတော့ ရေး၊ သထုံ၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့က ဌာနဆိုင်ရာရုံးတွေ အများဆုံး တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.