မနီလာ၊ မတ် ၁၇

ဖိလစ်ပိုင်ရဲ့ ရှေ့ပြေးသမ္မတလောင်း ဖာဒီနန် ဘွန်ဘွန်မားကို့စ်ဂျေအာက တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်း ပွားမှုမှာ ပေကျင်းကို ဂရုတစိုက် ကိုင်တွယ်ပြီး အမေရိကန်နဲ့ မဟာမိတ် ဖွဲ့မယ်လို့ ပြောပါတယ်။

အမေရိကန်နှင့် ဖိလစ်ပိုင်အကြား စစ်ရေးသဘောတူညီချက်များသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိကြောင်း မစ္စတာမားကို့စ်က ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံကြား မဟာမိတ်ဖွဲ့မှုသည် အထူးဆက်ဆံရေးတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်အား ကူညီရန် အမေရိကန်က များစွာ လုပ်ဆောင်နိုင်သည်ဟု သူက ပြောကြားခဲ့သည်။

သို့သော်လည်း နိုင်ငံတစ်နိုင်ငံတည်းနှင့်သာ လိုက်လျောညီထွေဖြစ်စေရမည့် အယူအဆကို မစ္စတာမားကို့စ်က ပယ်ချခဲ့ပြီး ဖိလစ်ပိုင်သည် ၎င်း၏ တရုတ်နိုင်ငံကြား တင်းမာမှုများကို ဂရုတစိုက် ကိုင်တွယ်သင့်ကြောင်း ပြောကြားခဲ့သည်။

လူတိုင်းနဲ့ သူငယ်ချင်းဖြစ်ရမယ်။ ဘယ်သူနဲ့မှ ရန်သူမဖြစ်ချင်ဘူး” ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးလက်ထက်တွင် အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ ဆက်ဆံရေးသည် စိန်ခေါ်မှု များနှင့် ရင်ဆိုင်ခဲ့ရပြီး ၎င်းဆက်ဆံရေးကို ထိန်းသိမ်းထားရန် မဆုံးဖြတ်မီ၂၀၂၁ ခုနှစ်တွင် အမေရိကန်နှင့် အဓိက စစ်ရေးသဘောတူညီချက်ကို အဆုံးသတ်မည်ဟု ထပ်ခါတလဲလဲ ခြိမ်းခြောက်ပြောဆိုနေခဲ့သည်။

ပြီးခဲ့သည့်လက သမ္မတရွေးချယ်မှုစစ်တမ်းတွင် အဓိကဦးဆောင်သူဖြစ်သည့် မစ္စတာမားကို့စ်က ပင်လယ် ရေပိုင် နက်အငြင်းပွားမှုကို ဖြေရှင်းရန် တရုတ်နိုင်ငံနှင့် သဘောတူညီချက်တစ်ခု လိုချင်ကြောင်း အစောပိုင်းက ပြော ကြားခဲ့သည်။

၎င်း၏ ရပ်တည်ချက်သည် အခြေခံအဆောက်အအုံ ပရောဂျက်များအတွက် တရုတ်၏ ရန်ပုံငွေကို ဖဲ့ယူဖို့ ဘေဂျင်းနှင့် ဆက်ဆံရေးကို မြှင့်တင်ခဲ့သော မစ္စတာ ဒူတာတေး နှင့် ဆင်တူသည်။

ဘာသာပြန် – အာသစ်

Ref: The Straits TImes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.